.[ U ]
ညကိုးနာရီမထိုးမီ ဝမ်ပင်တစ်ယောက်
သစ်သီးအိတ်လေးသယ်ဆောင်လျက်
အိုက်ရှန်း ဟိုတယ်ဆီသို့ ဖြေးညှင်းစွာ
ပြန်လာခဲ့တယ်။လောလောလတ်လတ်ပင် သူ့ မျက်ခမ်းတွေတဆတ်ဆတ်ခုန်လှုပ်နေတယ်၊ ရှေးဆိုရိုးစကားအရပြောရမယ်ဆိုရင်,
ဘယ်ဘက် က ပိုက်ဆံဝင်မှာမို့လှုပ်တတ်ပြီး
ညာဘက်ကတော့ ဘေး အန္တရာယ်အတွက်
လှုပ်တယ်ဆိုပေမယ့် ခုက နှစ်ဘက်လုံး
အတူ လှုပ်နေခြင်းပင်။ဒါဆို ပိုက်ဆံရမှာလား? ဘေးရှိမှာလား?
ဝမ်ပင်ဟိုတယ်ထဲ သို့ ဝင်လာချ်ိန်ဟိုတယ်ရှိလူတွေပင်သူ့ကို မှတ်မိနေကြပြီ၊ဤနေရာတွင်နေထိုင်ရန် ဥက္ကဋ္ဌစုန့်မှ အထူးဖိတ်ကြားထားတဲ့ ဧည့်သည် တစ်ဦးဖြစ်ကြောင်းသိရှိနေကြပြီး ထိုသူ့မျက်နှာမှ အပြုံးတွေက
အတော်လေးကို လှပတာမို့ အတော်များများက သူ့ကို သတိထားမိနေကြတယ်။ဝမ်ပင်ကလည်း အပြုံးဖြင့် တုံ့ပြန်ပြီးနောက်
မေးလိုက်တယ်။" မင်းခုထိ အလုပ်မဆင်းသေးဘူးလား?"
"ခဏနေရင်ပြီးပြီ...နာရီဝက်လောက်ပဲ"
ဝမ်ပင်ရုတ်တရက် သူ့ခြေလှမ်းတွေကို
ရပ်တန့်လိုက်တယ်။ဝမ်ပင်ပုံစံတမျိုးဖြစ်သွားတာကို တွေ့တာမို့ ဧည့်ကြိုကောင်တာမှကောင်လေးက မေးလာတယ်။" မစ္စတာဝမ်, ဘာဖြစ်လို့လဲ?"
ဝမ်ပင် ဟိုတယ်တံခါး အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ညပင်အတော်လေးမှောင်နေပြီ၊ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်မှလွဲပြီး
ဘာကိုမှလည်း ထူးထူးခြားခြားမတွေ့ရ။"ဒါက ငါပဲအမြင်မှားတာလား.."
ဝမ်ပင်သူ့ဘာသာပင်ရေရွတ်နေတယ်။
ကောင်လေးကို နှုတ်ဆက်သည့် အချိန် သူ့မျက်လုံးထောင့်မှ ဖျက်ကနဲ အရိပ်တစ်ခုကို
အသေအချာ တွေ့လိုက်ရတယ်။ကောင်လေးက ဝမ်ပင်ကြည့်ရာသို့လိုက်
ကြည့်ပြီး မေးလာတယ်။"မစ္စတာဝမ်, ကျွန်တော်ဘာကူညီပေးရမလဲ?"
"အိုး..မလိုဘူး..အဆင်ပြေပါတယ်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romansaနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest