..[ U ]
နောက်တနေ့ မနက်စောစောတွင်ရှလျန်က ပစ္စည်းတွေဝယ်ရန် ကျုန်းရှိူ့ကို အပြင်လွှတ်လိုက်တယ်။
သို့သော်လည်း နေ့လည်မရောက်မီ ကျုန်းရှို့
တစ်ယောက်ပလပ်စတစ်အိတ်တအိတ်ကို လက်ကဆွဲလျက် တံခါးဖွင့်ဝင်လာတာကို
ရှလျန် တွေ့လိုက်ရတယ်။ရှလျန် ကျုန်းရှို့ အပြောကို မစောင့်ဘဲ မေးလိုက်တယ်၊
" မင်းအကုန်ဝယ်လာလား?"
ကျုန်းရှို့ တိတ်တဆိတ်ပင် ရှလျန်လက်ထဲသို့
ပလပ်စတစ်အိတ်အားလွှဲပြောင်းပေးလိုက်တယ်၊ရှလျန် ဖွင့်ကြည့်လိုက်ရာ အိတ်ထဲ၌
ဆီးစစ်တံ ဘူးအချို့မှအပအခြားဆေးတွေကို တော့ မတွေ့ရဘူး။"ကိုယ်ဝန်ဖျက်ဆေးဘယ်မှာလဲ?"
ရှလျန် မေးလာတယ်။
ကျုန်းရှိူ့ ချီတုံချတုံဖြင့် ပြောလာတယ်၊
"လျန်ကော, ကောမှာ ကိုယ်ဝန်ရှိမရှိမသေချာသေးတာမို့လေ...အဲ့ဒါကြောင့်"
"ဒါဆို မင်းဆေးရုံကိုရော မသွားဘူးလား?"
ကျုန်းရှို့ ခေါင်းကြီးသာငုံ့နေလျက် နှုတ်ဆိတ်နေတယ်၊
"အခုဒါဆို ဆီးစစ်တံတွေပဲဝယ်လာတာလား?"
ကျုန်းရှို့ ဘာမှမပြောဘူး။
" ဆီးစစ်တံပဲ ဝယ်လာပြီးဒီအိတ်တလုံးနဲ့
တမနက်လုံးအပြင်လျှောက်သွားနေတာလား?"ရှလျန်ဒေါသတွေ ဘယ်နေရာကနေထွက်လာမှန်း မသိထွက်လာတယ်၊ အမှန်တကယ်တော့ သူ့ကိုယ်သူလည်း ဘာကြောင့်ဒေါသထွက်နေရလဲဆိုတာကို အတိအကျမသိပေ
မယ့် သူကျုန်းရှိူ့ကို ဒေါသထွက်နေတယ်။ဒါပေမယ့် ကျုန်းရှိူ့ တစ်ယောက် ခေါင်းကြီး ငုံ့လျက် ရပ်နေဆဲ ဖြစ်တာကို တွေ့ရပြန်တော့
'သူ့အမှားကို ဝန်ခံ နေပုံ 'ရတာမို့ သူ့ ရင်ထဲမှ
ဒေါသတွေကို ဖိနှိပ်ရင်း လေသံအေးလေးဖြင့် သာပြောလိုက်တယ်။" ဟုတ်ပါပြီ...အဲ့လိုချည်းရပ်မနေနဲ့!ငါမင်းအတွက် မနက်စာစားပွဲပေါ်မှာလုပ်ထားတယ်,အရင်ဆုံးမနက်စာစားလိုက်ဦး "
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest