..[ U ]
တစ်ဖက်တွင်လည်းရင်မိုဟွားရဲ့လက် ထောက်ကသူ့ကို သတင်းတစ်ခုပေးလာတယ်၊
" သူဌေး, စုံစမ်းရသလောက် လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်ထဲက ရှလုပ်ငန်းစုရဲ့ ရင်းနှီးမြုပ်နှံမှုက ဒီနေရာတွေမှာရှိပါတယ်"ရင်မိုဟွားက အချက်အလက်တွေကိုအပြန် အလှန် ကြည့်နေတယ်၊နောက်ဆုံးစာမျက်နှာကို တချက်ကြည့်ပြီး,
" လွန်ခဲ့တဲ့ နှစ်တွေလောက်မှ သူတို့မိသားစုက စုန့်မိသားစုနဲ့ပိုမိုနီးစပ်သွားတယ်လို့
ဆိုရမှာပေါ့""စုန့် နဲ့ ရှ မိသားစု နှစ်စုကမိတ်ရင်းဆွေရင်းတွေပါ"
စုန့်မိသားစုရဲ့ အချက်အလက်တွေကိုလည်း
လိုက်လံစုံစမ်း ထားပြီး ပုံရတဲ့ လက်ထောက်က ချက်ခြင်းပြောလာတယ်၊" လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကမှ
မိသားစုနှစ်စုကလက်ထပ်ထိမ်းမြားမှု ပြုခဲ့သေးတယ်လို့ကျွန်တော်သိထားသေးတယ်""လက်ထပ်တယ်?"
ရင်မိုဟွား မျက်ခုံးတွေပင်ကြုံ့ဝင်သွားတယ်၊
" ရှလျန်က လက်ထပ်လိုက်ပြီလား?"
"ရှလျန် မဟုတ်ဘူး..စုန့်မိသားစုရဲ့ တစ်ဦးတည်းသောသားစုန့်ယန်နဲ့လက်ထပ်တဲ့
သူက သူ့ ညီရှလင်ပါ"ရင်မိုဟွား အံ့သြသွားတယ်၊
" ငါမှတ်မိသလောက်..တရုတ်က လိင်တူ လက်ထပ်ခွင့်ကို ခုထိပိတ်ပင်ထားတုန်းမလား?"
"ဟုတ်တယ်, စုန့် နဲ့ရှတို့ စီစဥ်တဲ့ မဂ်လာပွဲကြောင့် အဲ့ဒီတုန်းကဆို လူတိုင်း အတော်လေး အံ့အားသင့်ကုန်ကြတယ်"
ရင်မိုဟွား ရယ်မောလိုက်တယ်၊
" ဒီလောက်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စကို ငါဘာလို့ မကြားမိတာလဲ...ငါတကယ်ကြီး
မသိလိုက်တာ""အဲ့ဒီအချိန်တုန်းက သူဌေး အမေရိကန်က
ပြန်လာခါစပဲရှိသေးတယ်..အဲ့ဒါကြောင့်
ဒီအဖြစ်အပျက်ကိုလက်လွတ်သွားတာ""ဖြစ်နိုင်တယ်...တရုတ်ပြည်က လူကြီးတွေက
ရှေးရိုးဆန်တယ်လို့ ငါ့ အမေပြောတာကို ကြားဖူးတယ်၊ မမျှော်လင့်ဘဲ ဒီတခါတော့
သူတို့ မျက်စိပွင့် နားပွင့် ဖြစ်သွားပုံရတယ်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest