..[ U ]
ရင်မိုဟွားကားပေါ်ရောက်သွားတဲ့အချိန်
မေ့ဆေးဖြင့် သတိလစ်သွားခဲ့တယ်။သူနိုးလာတဲ့အခါ,မတ်တပ်အနေအထားဖြင့်
ဓာတ်ပြား ပုံသဏ္ဌာန်အဝိုင်းကြီး တစ်ခုပေါ်ရောက်ရှိနေလျက် ခြေလက်တွေကိုခတ်တွဲထားလျက်ခါးကိုလည်းခါးပတ်ပတ်ကာ
သော့ခတ်ထားလျက်ရှိနေတယ်။{T/N..မျက်လှည့်တွေမှာလူကို အဝိုင်းပြားကြီးမှာကပ်ပြီး ဓားပျံ ပစ်တာမျိုး ပြတဲ့အခါ
သုံးတဲ့ ပုံစံမျိုးချုပ်ထားတာပါ၊မျက်စိထဲမြင်အောင်ပြောရရင်randomရွေးတဲ့
ဆုံလည်ပုံ အဝိုင်းပြားကြီးပါ}သို့သော် သူ့ကို ကပ်တွဲထားသည့် အဝိုင်းပြားကြီးက လှုပ်ရှားနိုင်တဲ့ ဘီးကြီး တစ်ခုလို ဖြစ်ပုံရတယ်၊ သူသာနည်းနည်းလှုပ်လိုက
်ပါက ထို အဝိုင်းပြားကြီးက မရပ်မနားလည်ပတ်လိမ့်မည်ဖြစ်ကာ သူ့တကိုယ်လုံး
ပတ်ချလည်စေလျက်ရူးမတတ်ပင်မူးဝေ
လိမ့်မယ်။ရင်မိုဟွားမေ့ဆေး အရှိန် ပြယ်လာတာကို ခံစားမိနေတယ်၊ထို အခိုက်အတန့် , သူ အနည်းငယ်လှုပ်ရှားလိုက်ချိန် သူ့ ခန္ဓာကိုယ်ထဲမှ အူတွေ အသည်းတွေ ပြောင်းပြန်လှန်သလိုခံစားနေရတယ်၊သူချက်ခြင်းအပြင်း
အထန် အော့အန်နေပေမယ့်သူ့ကို ဘယ်သူမှဂရုမစ်ိုက်ကြဘူး။ပတ်ပတ်လည်တွင်လည်းအဆုံးမရှိသော
အမှောင်ထုက ကြီးစိုးနေလျက်တိတ်ဆိတ်မှုအား ဆုံလည်အဝိုင်းကြီး၏လှည့်ပတ်သံ
တစ်ခုကသာ ထွက်ပေါ်နေတယ် ။အန်ဖတ်တွေက နေရာအနှံ့ ပြန့်ကြဲနေပြီး အချို့က
သူ့မျက်နှာပေါ်တွင်ကပ်လျက်ရှိနေတယ်၊ဒီအချိန် သူ့ပုံစံက မည်မျှပင်ရှက်ဖို့ကောင်းနေတယ်ဆိုတာကို ခန့်မှန်းကြည့်ဖို့ပင်မလိုခဲ့။ရင်မိုဟွားက ငယ်စဥ်ကလေးဘဝကတည်း
က မရေမတွက်နိုင်သော အခက်အခဲတွေ တွေ့ကြုံခဲ့ရသော်လည်း ယခုလိုကူရာကယ်ရာမဲ့အနေအထားဖြင့် မျှော်လင့်ချက် မဲ့သော စိတ်ပျက်အားငယ်မှုမျိုး တခါမှ မကြုံတွေ့ဖူးခဲ့၊ခဏတာမျှ သူ့လျှာသူကိုက်ပြီး သတ်သေချင်လာတယ်။သို့ပေမယ့် အလွန်အမင်း ပျက်စီးဆိုးဝါးတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံရပြီးနောက်
အံ့သြဖွယ်ရာ ငြိမ်သက်ပြီးသူ့ဦးနှောက်ရဲ့
ပုံမှန် တွေးခေါ်မှု အဆင့်သို့ တဖြေးဖြေးပင်
ပြန်လည်ရောက်ရှိသွားခဲ့တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest