[ U ]
ကျုန်းရှိူ့ကတော့ ထို အချိန်တွင် ရှအိမ်အနီးရှိ
သစ်ပင်ကြီး တစ်ပင်အောက်၌ ငြိမ်သက်စွာ
ဖြင့် ရပ် နေမိရင်း လက်ရှိတွင်သူ့စိတ်တွေလည်း ရှုပ်ထွေးနေတယ်၊ဒူလန်ကျဲ ပြောပြလာသည့် ABOမျိုးရိုးဗီဇ ကိစ္စတွေက သူ့အတွက်တော့ မယုံနိုင်စရာ
ပင်ဖြစ်နေတယ်၊ အကယ်၍ ဒူလန်ကျဲသာ
ရှလင်နှင့် စုန့်ယန်တို့ဆီ ဖုန်းမခေါ်ပါက
သူလုံးဝ ထို အရာတွေကို ယုံကြည်နိုင်လိမ့်မည် မဟုတ်ခဲ့ပေ။ဒါပေမယ့် ရှလင်နှင့် စုန့်ယန် တို့က ဒီလိုကိစ္စတွေကို ဘာလို့ လက်ခံ ခဲ့ရတာလဲ ? အစောပိုင်း ကတည်းက ဒီလို ဖြစ်လာနိုင်တယ်ဆိုတာကို သူတို့ များ ကြိုသိနေခဲ့သည်လား၊
ရှလျန်နှင့် သူ့ကိုသာ ထိန်ချန်ထားပုံရတယ်၊ယခုတကြိမ်တွင် ဒူလန်ကျဲက ရှအိမ်ထဲသို့
ညတွင်းချင်း ဝင်ရောက်ခဲ့ရပြီး ရှလျန်ရဲ့
နှလုံးသားထဲက အထုံးကို အချိန်မှီ ဖြေဖို့
ကြိုးစားခဲ့တယ်၊ဒီလိုမှမဟုတ်ရင်ဖြစ်လာမည့််နောက်ဆက်တွဲရလာဒ်တွေကိုဘယ်လိုမှ ဆက်ပြီး တွေးဆလို့ မရနိုင်ချေဘူး။ဘယ်လို အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို သူမသိဘူး၊ ခုလောလောဆယ်တော့
သူအရမ်း စိုးရိမ်နေတယ်၊ အကြောင်းအရာ
အလုံးစုံကို နားထောင်ပြီးတဲ့နောက်ရှလျန်
ဘယ်လိုတွေဖြစ်လေမလဲဆိုတာကို သူမခန့်မှန်း တတ်ဘူး၊ကျုန်းရှို့က ကောင်းကင်ပြင်ကြီးကို အချိန်ကြာမြင့်စွာမော့ကြည့်ပြီး
စမ်းသပ်မှုအား စောင့်ဆိုင်းနေရသကဲ့သို့
သူ့ ရင်ထဲမှာ တထိတ်ထိတ်ဖြင့် ရှိနေတယ်။*****
" ဒါဆို , မင်း ဆိုလိုချင်တဲ့သဘောကငါနဲ့
ကျုန်းရှို့ ....ငါတို့ ဖြစ်ခဲ့တဲ့ ကိစ္စကငါ့ရဲ့
ဟိကြောင့်လား ? "ရှလျန်က မယုံကြည်နိုင်စွာပင် ထပ်ခါတလဲလဲ မေးနေမိတယ်၊
" ဟုတ်တယ်, အတိအကျပြောရမယ်ဆိုရင်,
မင်း ခန္ဓာကိုယ်က အိုမီဂါပရိုမုန်းကအယ်ဖာတစ်ယောက်ဖြစ်တဲ့ကျုန်းရှို့ကိုပြင်းထန်တဲ့
သွေးဆောင်မှုဖြစ်စေတယ်,ကျုန်းရှို့က
မင်းကိုအတင်းအဓမ္မစော်ကားတယ်လို့
အစကတည်းကမင်းအမြဲတမ်းတွေးထားခဲ့တယ်မလား၊ အမှန်တကယ်တော့ ,
မင်းကသူ့ကို သွေးဆောင်ခဲ့တဲ့သူ ပဲ"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest