..[ U ]
ရှလျန်ရဲ့ ပွင့်လင်းတဲ့ ငြင်းဆိုမှုကို ရင်မိုဟွားဘက်မှ စိတ်ဆိုးခြင်းလည်းမရှိခဲ့ပေ။
"ဥက္ကဌရှ က ကိုယ့်ကိုယ်ကိုယ် အရမ်း နိမ့်ချလွန်းတယ်၊ဒါပေမယ့် ငါ့ကိုယ့်ငါလည်း အလျင်စလို ပြောမိပြီး ရဲတင်းသလို ဖြစ်သွားမိလို့ အပြစ်တင်မိတယ်၊ ဒီ တကြိမ်တော့ ထားလိုက်ပါတော့...ခဏလေး... ငါတို့
တွေ့ဆုံဖို့ အခွင့်အရေး တစ်ခုရှိဦးမှာပါ"
ရင်မိုဟွားရဲ့ လေသံက အရာအားလုံးကို
သူ့လက်ထဲမှာ ပဲ ရှိနေသကဲ့သို့ သတ်မှတ်ထားပုံရတယ်။
ကျုန်းရှို့က ရှလျန်ရဲ့ အသံကို ဂရုတစိုက်နားထောင်နေခဲ့တယ်။ တဖက်လူမှ ဖုန်းချသွားတဲ့အခါ ,
"လျန်ကော,အဲ့ဒီရင်မိုဟွားကို...ကောသူ့ကို
သိလား?"
"လွန်ခဲ့တဲ့ ဆယ်နှစ်ယောက်လောက်က
ငါတို့ ကံတရားအရ ဆုံဖူးခဲ့ကြတယ်"
ရှလျန် ကြိုးစားပမ်းစားပြန်တွေးလိုက်တယ်၊
" အဲ့ဒီအချိန်တုန်းက, ငါတက္ကသိုလ် တက်နေတုန်းပဲရှိသေးတယ်, နွေရာသီအားလပ်ရက်
မှာ အမေရိကားမှာရှိတဲ့ ငါ့ အဖေရဲ့ ဌာနခွဲကို
အလုပ်သင်သွားခဲ့သေးတယ်၊ပါးက သူ့အသိတစ်ယောက်ရဲ့ ဖိတ် ခေါ်မှုနဲ့ ကော့တေး ပါတီ တစ်ခုကို လိုက်သွားကြတယ်,အဲ့ဒီမှာ ငါ
မော်တွန် နဲ့ ဆုံခဲ့တယ်,ခုလက်ရှိတော့
ရင်မိုဟွားပေါ့"
"ကော...ကောတို့ စကားပြောဖူးကြလား?"
ကျုန်းရှို့မဝံ့မရဲမေးလာတယ်။
"ပြောဖြစ်တယ်...အဲ့ဒီအချိန်က, သူ့ရဲ့ နောက်ခံ အမှန်ကို ငါလုံးဝမသိခဲ့ဘူး။
ငါတို့ စကားအနည်းငယ်ဖလှယ်ပြီး ငါတို့ရဲ့
အတွေးအခေါ်နဲ့ ယူဆချက်တွေက အတော်များများတူနေတာကို တွေ့ နေရတယ်၊အဲ့ဒီအပြင် သူက ပွဲထဲမှာရှိတဲ့ တစ်ဦးတည်းသော တရုတ် နွယ်ဖွားမို့ငါတို့ကပိုပြီးရင်းနှီးလွယ်တယ်လို့ ခံစားမိတယ်"
ကျုန်းရှိူ့ နားထောင်လေလေ ,ပိုပြီး ဝမ်းနည်းလာလေလေပဲ၊ သူဘယ်လိုပဲ ခက်ခက်ခဲခဲ နဲ့ ကြိုးစားပါစေ, ရှလျန်ကို အမှီလိုက်ဖို့ အရမ်းခက်ခဲခဲ့ပေမယ့် ရင်မိုဟွားကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းကရှလျန်နဲ့ ရင်းနှီးသူဖြစ်နေပြန်တယ်၊ တနည်းအားဖြင့် ရင်မိုဟွားရဲ့
ဖြစ်တည်မှုက ရှလျန်အတွက်သူ့ထက်မြင့်မားတဲ့ အဆင့်မှာရှိနေတယ်၊ဒီဘဝမှာတော့ရှလျန် ကို ရမှရပါတော့မလားဟူ၍ပင်တွေးကာ
ကျုန်းရှိူ့တစ်ယောက်စိုးရိမ်နေမိတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Cintaနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
