..[ U ]
သူတို့နှစ်ယောက်ကြားမှချစ်ခြင်းမေတ္တာက
ယုံကြည်ချက်ရှိရလောက်သည်အထိ များပြားသည်ဟု မဆိုနိုင်သော်လည်းဒါက
လီမော် သူ့အပေါ် ထားတဲ့နောက်ဆုံးသော
ယုံကြည်မှုပဲ။အိတ်ကပ်ထဲမှာရှိနေတဲ့ ကုလီရွှမ်းရဲ့လက်တွေကအပြင်သို့ပင်ထွက်မလာနိုင်ဘူး။နောက်ဆုံး သူခေါင်းမော့ပြီး လီမော်ကို
ကြည့်လိုက်တယ်။" နောက်ထပ်ဘယ်သူနဲ့ စာချုပ်ချုပ်မလဲလို့
မင်းငါ့ကို မေးတယ်နော်..အမှန်တကယ်တော့
ငါ့ဘယ်သူနဲ့မှစာချုပ်ချုပ်ဖို့အစီအစဥ်
မရှိဘူး"ထိုသို့ ဖြေလာလိမ့်မယ်လို့လုံးဝမျှော်လင့်
မထားတာမို့ လီမော် အံ့အားသင့်သွားတယ်။"ဒါဆို မင်း..."
" ငါ အနုပညာလောက က နှုတ်ထွက်ဖို့ စီစဥ်ထားတယ်"
ကုလီရွှမ်း ပြုံးပြလာတယ်,
"အရမ်း ငြီးငွေ့ဖို့ကောင်းတယ်..ငါဆက်ပြီး
မနေချင်တော့ဘူး""Ruifeng Entertainmentရဲ့ စာချုပ်ဖျက်သိမ်း မှု ကြောင့်လား ,ဒါမှမဟုတ်..."
"အရင်တုန်းကတော့ မင်းကို စွဲလမ်းတဲ့စိတ်တွေနဲ့ ငါ့ခြေထောက်တွေက ရွံ့နွံထဲကို နစ်မြုပ်မှန်းမသိနစ််မြုပ်ခဲ့ရတယ်"
ကုလီရွှမ်း သူ့စကားကို ခဏရပ်လိုက်တယ်။
" အခုတော့, ဥပါဒါန်တွေရှိနေတုန်း
ဆိုပေမယ့် မင်းကို ဆက်လက်ဆုပ်ကိုင်
ထားဖို့ ငါ့မှာခွန်အားတွေ မရှိတော့ဘူး"လီမော် မျက်မှောင်ကြုတ်မိပြီးကုလီရွှမ်းရဲ့ ဆိုလိုရင်းကို သူလုံးဝပင်နားမလည်ခဲ့။
"ဒါဆို မင်းက မွေးရပ်မြေကို ပြန်ဖို့ စီစဥ်ထားတာလား?'
"အမှန်တကယ်တော့ငါမင်းကို လာချောင်း
ကြည့်ဖို့ပဲ စီစဥ်ထားတာ"ကုလီရွှမ်း က သူ့မေးခွန်းကို မဖြေဘဲပြောလာတယ်။
"မင်းငါ့ကို တွေ့သွားလိမ့်မယ်လို့မျှော်လင့်
မထားဘူး, ဒါကြောင့် ဒီကိစ္စကို ငါမင်းကို
ပြောပြချင်တယ်"" မင်းကတကယ်ကြီး မွေးရပ်မြေပြန်ဖို့
ဆုံးဖြတ်ထားတာလား?"ကုလီရွှမ်း ခုထိ ဒီမေးခွန်းကိုလည်းမဖြေပြန်ဘူး၊ ထို့နောက်မတ်တပ်ထရပ်ပြီး ပြောလာတယ်၊
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest