..[ U ]
ဝမ်ပင်ရဲ့ စကားသံကကျုန်းရှိူ့၏ရှုပ်ထွေးနေတဲ့ အတွေးတွေကိုနှောင့်ယှက်မှုပြုလာတယ်။
နားရွက်နီနီလေး ဖြင့် မတ်တပ်ရပ်လျက်
ဆွံ့အနေသည်ကအတော်ကြာသည်အထိပင်။ကံကောင်းစွာပဲ ,ရှလျန်က ခပ်တည်တည်ဖြင့်
ရေချိုးခန်းထဲမှထွက်သွားပြီး အေးဆေးစွာလျှောက်သွားလျက် စားပွဲပေါ်မှ အခန်းကဒ်တစ်ခုအား ဝမ်ပင်ထံပေးလိုက်တယ် ။"မင်းရဲ့ အခန်းလည်း ငါတို့နဲ့ တထပ်ထဲပဲ,
ဒီအခန်းနံပါတ်နဲ့ ရှာလို့ရတယ်"သိသာထင်ရှားတဲ့ အပြုံးတစ်ခု ဝမ်ပင်မျက်နှာတွင် ပေါ်လာရင်း အခန်းကတ်လေးကို ကြည့်လိုက်တယ်။
ရှလျန် တံခါးပိတ်ပြီးတဲ့အခိုက်အတန့်,
ကျုန်းရှို့ တစ်ယောက် သူ့ကို ပွေ့ဖက်ဖို့ရာ
ပင်အချိန် မစောင့်နိုင်တော့ဘူး။ရှလျန်အနည်းငယ်ယိုင်သွားတယ်, ထို လှုပ်ရှားမှုအား အခွင့်ကောင်းယူကာ ကျုန်းရှို့
ရှလျန်အား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း
ပင်ပွေ့ဖက်ထားမိတယ် ။ရှလျန်ရဲ့ ပခုံးထက် သူ့မေးစေ့လေး မှေးတင်ရင်း အသံတိုးတိုးဖြင့် မေးလာတယ်။
" လျန်ကော, အဲ့ဒါ ဘာကို ဆိုလိုတာလဲ?
ကျွန်တော် လုံးဝနားမလည်ဘူး, ဖြစ်နိုင်မယ်ဆိုရင်...ကျွန်တော့်ကို ရှင်းရှင်းလင်းလင်းလေး ပြောပြပေးနိုင်မလား?"သူ့အသံက သာမန်ထက်ပင်တိုးလျနေလျက် ,
သူ့နှလုံးသားထဲမှ မုန်တိုင်းငယ်အား ဖိနှိပ်ဖို့ရာ အစွမ်းကုန် ကြိုးစားနေပေမယ့် တချိန်တည်းမှာပဲ ရှလျန်ဆိုလို ချင်တဲ့ အဓိပ္ပါယ်ကို
လွဲမှားစွာနားလည်ဖို့ရာကြောက်ရွံ့နေပြီး
ပျော်ရွှင်မှုတွေကြားမှ အောင်မြင်ခြင်းနှင့်ဆုံးရှုံးခြင်းကိုတပြိုင်နက်ခံစားနေရတယ်။ရှလျန်သက်ပြင်းချပြီးပြောလိုက်တယ်။
"ကျုန်းရှို့, အခု ငါတို့တွေ ဘယ်လိုပတ်သက်လဲဆိုတာကို ငါမသိတော့ဘူး၊ဒါပေမယ့် ငါ့ရင်ထဲမှာ သိုဝှက်ထားတဲ့ ခံစားချက်တွေ ရှိနေတာကိုတော့ ငါခံစားမိတယ်၊အရင်ကဆို ငါမင်းကို မတုံ့ပြန်ခဲ့ဘူး၊အဲ့ဒါက ပရိုမုန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ အတုအယောင်တွေလို့ပဲ ငါထင်ခဲ့မိတယ်၊ အဲ့ဒီလို ထင်ယောင် ထင်မှားပုံရိပ်ယောင်တွေရှိနေသရွေ့ ပရိုမုန်းတွေရဲ့ ကြီးစိုးမှုကို ငါတို့ ဝင်ရောက်စွက်ဖက်လို့မရဘူး ၊ဒါပေမယ့်...."
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest