EP41(U&Z)

1.4K 130 0
                                        

..[ U ]

ဆေးရုံတွင်နှစ်ရက်မျှကုသမှု ခံယူပြီးနောက်
လီမော်နဲ့ ကုလီရွှမ်းတို့က ရုပ်ရှင်အား ဆက်လက်ရိုက်ကူးရန် ပြန်လာခဲ့ကြတယ်၊

တပတ်အကြာတွင်, ကုလီရွှမ်းရဲ့ လူသိရှင်ကြား တောင်းပန်မှုကို မစောင့်တော့ပေမယ့် ထိတ်လန့်အံ့သြစေမယ့် သတင်းတစ်ခုထွက်ပေါ်လာတယ်။

ကုလီရွှမ်း အလုပ်လုပ်တဲ့ Ruifeng Entertainmentက သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ပြီး ၎င်းတို့ ၏ပူးပေါင်းဆောင်ရွက်မှု များကို ရပ်ဆိုင်းကြောင်း ကြေညာပြီး ကုလီရွှမ်းကလည်း  ကုမ္ပဏီ၏အကြီးတန်း စီမံသူ မှ နှုတ်ထွက်မည် ဖြစ်တယ်၊တချိန်တည်းမှာပဲ ကုလီရွှမ်းအားထောက်ခံ အားပေးမှု များနှင့် ရုပ်ရှင် ရိုက်ကူးမှုတွေကို အကုန်လုံး ရပ်တန့် မည်ဖြစ်တယ်၊
Ruifeng Entertainmentကသူတို့ဖျက် သိမ်းတဲ့လုပ်ငန်းတွေအတွက်ပျက်စီးဆုံးရှုံးမှု အလုံးစုံကိုလျော်ကြေးပေးဆောင်မည်ဖြစ်တယ်။

ထို အဖြစ်အပျက်က ဖျော်ဖြေရေးအသိုင်း အဝိုင်းမှာ ဂယက်ကြီး တစ်ခုဖြစ်သွားစေတယ်။

စုန့်ယန်ကဖုန်းဖြင့်လှမ်းသတိပေးတာမို့
ရှလျန်ထိုညကဖျော်ဖြေရေးသတင်းတွေကို
ဝင်ကြည့်မိခဲ့တယ်၊သူလည်းပဲလူတိုင်းလ်ို
ထပ်တူ ညီစွာ အံ့သြနေမိတယ်၊ Ruifeng Entertainmentက သူတို့အားငွေရှာပေးနေသူအပေါ်ခုလောက်ထိရက်စက်ကြမ်းကြုတ်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။

Ruifeng Entertainmentရဲ့ လှုပ်ရှားမှုက
ကုလီရွှမ်းကို စတေးခဲ့ပုံရကြောင်း ရှလျန် သဘောပေါက် ခဲ့သော်လည်း ကုလီရွှမ်းဘက်မှလူသိရှင်ကြားမတောင်းပန်သရွေ့ သူ့ရဲ့
ဂုဏ်သိက္ခာထိခိုက်မည်မဟုတ်ပေ၊ အနုပညာအသိုင်းအဝိုင်းမှာလည်း နာမည်မပျက်သရွေ့
ပရိသတ်တွေရှေ့ မပြုလဲ တာမို့ အချ်ိန်မရွေး
တစ်ကပြန်စဖို့အခွင့်အရေးတွေရှိနိုင်သေးတယ်။

ထိုကဲ့သို့သောရှုထောင့်မှကြည့်လျှင်
Ruifeng Entertainmentဘက်မှ ကုလီရွှမ်းအား အလွန်ညှာတာထောက်ထားခြင်း ပင်။

ရှလျန်အား တစ်ခုတည်းသော အတွေးဝင်စေတဲ့အရာက  Ruifeng Entertainmentဘက်မှ ကုလီရွှမ်းအား ကြီးစွာသော အားပေးမှုကို
ဖြိုဖျက်လိုက်ခြင်းထက် ကုလီရွမ်းရဲ့ အလုပ်တွေအတွက် လျော်ကြေးငွေ အမြောက် အမြား ပေးဆောင်ပေးတဲ့ အချက်တစ်ခု ဖြစ်တယ်၊ ကုလီရွှမ်းရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူက ဘယ်သူလဲ? တဖက်လူရဲ့အဓိကရည်ရွယ်ချက်က ဘာလဲ?

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now