..
[ U ]ရှလင်နဲ့ စုန့်ယန်တို့ရင်မိုဟွားရဲ့ ဗီဒီယိုကို လက်ခံရရှိခဲ့တယ်၊ထို အချိန်သူတို့က
ကျုန်းရှို့ နေရာကို ရှာဖွေနေကြတယ်။ရင်မိုဟွားထွက်သွားပြီး မရှေးမနှောင်းမှာပဲ
ကျုန်းရှိူ့ကိုလည်း မတွေ့ရတော့၊ ဖုန်းကိုပါ
ပိတ်ထားပြီး ရှလျန်ပင်နားမလည်နိုင်တဲ့
စာတိုလေး တစ်ခုသာချန်ရစ်ခဲ့တယ်။ရှလျန်က ရှလင်၏ဖုန်းထဲမှ ဗီဒီယိုအားကြည့်မိတဲ့ အခါမှ ဖြစ်ပျက်သမျှ အကြောင်းစုံကို
အလျင်အမြန် နားလည် နိုင်ခဲ့တယ်။အတော်လေး ညဥ့်နက်တဲ့အချိန်မှ ကျုန်းရှို့
တစ်ယောက်တည်းရှအိမ်ဆီသို့ ပြန်လာချိန်
ရှလျန်ဧည့်ခန်းထဲတွင်ထိုင်လျက် သူ့ကို
စောင့်နေတယ်။အိမ်ထဲသို့ဝင်လာတဲ့အခါ, ကျုန်းရှို့ ဝတ်ဆင်ထားတဲ့ သားမွှေးကုတ်အကျီက အပြင်ဘက်မှ နှင်းမှုန်တို့ကြောင့် အနည်းငယ်ပင်စွတ်စိုချင်နေလျက် ခဲခဲယဥ်းယဥ်းပင်တွေ့ရတဲ့
အရောင်အဝါတစ်ခုကသူ့တစ်ကိုယ်လုံး
အားလွှမ်းခြုံလျက်ရှိနေတယ်။ရှလျန် သူ့ကို တိတ်ဆိတ်စွာပင် ငေးကြည့်နေမိတယ်၊ ကျုန်းရှိူ့က အခြား ကမ္ဘာတစ်ခုတွင်
လေးနှစ်ကြာမျှစစ်မှုထမ်းခဲ့ပြီးထိုကာလ
များတွင် အတော်လေးပင်ခက်ခဲကြမ်းတမ်း
ခဲ့ရတယ်။ရက်စက်ကြမ်းကြုတ်သောသေခြင်းရှင်ခြင်းတွေကြား ကြောက်မက်ဖွယ်ရာ စစ်ပွဲ တွေကို
ဘယ်လောက်များများ တွေ့ကြုံ ခဲ့ပြီလဲ၊
တချိန်တည်းမှာပဲ အားနည်းချက်တွေကိုဖယ်ရှားနိုင်ခဲ့ပြီး ရင့်ကျက်မှု တွေသာ
တွေ့နေရတယ်။သူ့ရှေ့မှလူက လွန်ခဲ့တဲ့လေးနှစ်ကလိုအရာရာကို ထိတ်လန့်တုန်လှုပ်တတ်တဲ့ ကလေးလေး တစ်ယောက်မဟုတ်တော့ဘူး။
ရှလျန်ကျုန်းရှိူ့ကို ကြည့်နေချိန် ကျုန်းရှိူ့ကလည်းရှလျန်ကို ပြန်ကြည့်လာတယ်၊ အချိန်အတော်ကြာအောင် အပြည့်အဝစိတ်ဓာတ်ရေးရာအား ပြင်ဆင်ထားပေမယ့်ရှလျန်ရဲ့
အမူအရာကို မြင်လိုက်ရတဲ့အခါ သူ့စိတ်ထဲ
အနည်းငယ်စိုးရိမ်သွားတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest