EP9(U&Z)

1.2K 125 0
                                    

..[U ]

ကျုန်းရှို့ စာပြန်လိုက်တယ်....
{မလိုက်ဘူး}

ရှလျန်က ကျိချင်အားဗီလာသို့ခေါ်လာပြီး
ဂိတ်တံခါးဝသို့ရောက်ချိန်ကျုန်းရှိူ့ထံမှ WeChatကနေစာတစ်စောင်ရလိုက်တယ်။

စာတိုလေး၌ပါလာတဲ့ စကားလုံးလေး နှစ်လုံးကို သူကြည့်လိုက်မိတယ်၊ ကျုန်းရှို့များသူ့ကို စိတ်ဆိုးနေလားဆိုတဲ့ တခဏတာ အတွေး တစ်ခုဝင်လာပေမယ့် ထို အတွေးကိုချက်ခြင်း ပဲ ဖယ်ရှားလိုက်တယ်။

ကျုန်းရှိူ့က အမြဲတစေ တိတ်ဆိတ်နေတတ်ပြီး သူ့ဘာပြောပြော သူ့စကားကိုနာခံလာသူလည်း ဖြစ်တယ်၊ကျုန်းရှိူ့နဲ့အဆင်မပြေဖြစ်နေတဲ့ အပေါ်သူဘယ်လိုမှအဓိပ္ပာယ်မဖွင့်ဆိုတတ်ဘူး။

သူတကယ်ကြီး မသက်မသာဖြစ်နေလို့
သူ့ဆီ စာပြန်တဲ့အခါစာရိုက်ဖို့ ခွန်အားမရှိတာမို့တိုတိုပြတ်ပြတ်ပဲ ပို့လိုက်တာလဲဖြစ်နိုင်တယ်၊ရှလျန်က သူ့ အတွေး ကိုသူ့ဘာသာ
ပင် အမှန်ဟုသာမှတ်ယူထားလိုက်တယ်။

သူကကားကို မြေအောက်ကားဂိုဒေါင်မှာပါကင်ထိုးလိုက်တယ်၊သူ တံခါးဖွင့်ပြီး ထွက်လာရင်း ကျုန်းရှို့ဆီ စာပြန်ပို့လိုက်တယ်။

{ ဒါဆို မင်း အခု အိမ်မှာ တစ်ယောက်တည်း မလား? ညစာစားဖို့တော့ သတိရဦး }

ကျိချင်က ရှလျန် နောက်သို့လိုက်လာပြီး
သူ့ရှေ့မှ ဗီလာကို ကြည့်ရင်း မေးလာတယ်။

'မစ္စတာရှ, ဒါက..."

"ငါ့အိမ်ပဲ "

ရှလျန်က ခဏရပ်ပြီး ,

"ဒါပေမယ့်, အခုငါ့သူငယ်ချင်းတစ်ယောက်နေနေတယ်'

တံခါးဖွင့်ရန် သော့ကို ထုတ်ပြီးမှတံခါးရှေ့မှာပဲခဏရပ်နေရင်းတံခါး ဘဲလ်ကိုပဲနှိပ်လိုက်တယ်၊

သူ့ အိမ်မှနေတဲ့ သူငယ်ချင်းကိုတောင်သူ့ဘက်က လေးစားမှုရှိနေသေးတာလား?
မမျှော်လင့်စွာဘဲ, မစ္စတာရှရဲ့ နူးညံ့တဲ့
အခြားတစ်ဖက်ကိုသူမြင်တွေ့ခွင့်ရလိုက်တယ်။

သိပ်မကြာခင်မှာပဲ လီမော်ကတံခါးလာဖွင့်ပြီး ဝင်လာတဲ့ သူတို့ကို ကြည့်ရင်း မေးလာတယ်၊

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now