EP59(U&Z)

1.4K 131 0
                                        

..[ U ]

ရှလျန်က ဝမ်ပင်နောက်ပြန်ဆုတ်လာတာကို မြင်တာမို့ လှမ်းမေးလိုက်တယ်။

"ဘာဖြစ်တာလဲ?"

ဓားဦးချွန်က ဝမ်ပင်လည်မျိုတွင်ကပ်တင်လျက် တဖက်လူရဲ့ လက်တစ်ဖက်ဖြင့်ချုပ်ကိုင်ထားခြင်းကိုပါခံထားရတယ်၊
ဒါပေမယ့် တဖက်လူကို အသေအချာကြည့်လိုက်ရာရှလျန်မြင်ဖူးတဲ့သူဖြစ်နေတယ်။

ကုလီရွှမ်း ?

ရှလျန် ခဏတာမျှ အံ့အားသင့်နေပြီးမှ တဖက်လူရဲ့လက်ထဲမှ ဓားကို စိုက်ကြည့်နေမိတယ်၊ ထိုအချိန်မှ သူ့အိပ်မက်ထဲရှိကုလီရွှမ်းရဲ့ ပစ်မှတ်က သူကိုယ်တိုင် ဖြစ်နေတာကို
သိလိုက်ရတယ်။

ကုလီရွှမ်းက တံခါးကို ကန်ထုတ်ပြီးဝမ်ပင်ကို ဖမ်းချုပ်ထားလျက်ရှလျန်အားမော့ကြည့်လာတယ်။

"မတွေ့ရတာအတော်ကြာပြီ.."

သူကတော့ လည်ချောင်းမှာတင် စကားလုံးတွေပိတ်ဆို့နေလျက် စကားမပြောနိုင်သည်အထိ ထိတ်လန့်နေတယ်။

ကုလီရွှမ်းကလည်း အလွန်ကြီးမားတဲ့ဗိုက်ဖုံးအကျီ အား ပေါ့ပါးစွာ ဝတ်ဆင်ထားတဲ့
ရှလျန်ကို တွေ့လိုက်ရတယ်၊မျက်နှာကိုသာ
မကြည့်မိပါက ကိုယ်ဝန်ဆောင်အမျိုးသမီး
တစ်ဦးရဲ့ အခန်းဆီသို့လွဲမှားစွာ ဝင်လာမိသည်ဟု တွေးမိလောက်တယ်။

ဒါပေမဲ့ ဒါက ရှလျန် အစစ်အမှန်ဖြစ်နေတယ်။

"ခင်ဗျားဗိုက်က ဘာဖြစ်နေတာလဲ?"

ကုလီရွမ်း တစ်ယောက် သူ့ရဲ့ အံ့အားသင့်မှုတွေကို ဖုံးကွယ်ပြီး တွေးတော မှန်းဆချက်တွေကြား သူ့ဦးနှောက်အား အလုပ်ပေးလိုက်မိတယ်၊ ထိုသူက ယောကျ်ားအသွင် ဟန်ဆောင်ထားတဲ့ မိန်းမတစ်ယောက်လား
သို့တည်းမဟုတ် ဗိုက်က အကျိတ် ထွက်နေတာလား?သို့ပေသိ သူဘယ်လိုပဲ ကြည့်ကြည့်
ရှလျန်က လုံးဝ မိန်းမတစ်ယောက်တော့ မဟုတ်ဘူး၊ မိန်းမတစ်ယောက်မဟုတ်ဘူးဆို
သူ့ဗိုက်က ဘာဖြစ်တာလဲ? ဝမ်းဗိုက်ထဲက အကျိတ်က ခုလောက်ထိ ကြောက်စရာကောင်းအောင်ဖောင်းကားလာနိုင်လို့လား?

ဝမ်ပင်က တဖက်လူရဲ့ တွေဝေမှုအား အခွင့်ကောင်းယူကာ ကုလီရွှမ်းလက်ထဲမှဓားအား
ရုတ်တရက်တွန်းထုတ်ကာ ကုလီရွှမ်းအား ကြမ်းပြင်ပေါ် ဖိသိပ်နိုင်ဖို့ လုပ်ဆောင်လိုက်တယ်။

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now