..[ U ]
ကုလီရွှမ်း ဖုန်းချလိုက်ပြီးနောက်ကျိချင်ရဲ့ ဖုန်းအားအခန်းထောင့်ဘက်သို့လွှင့်ပစ်လိုက်တယ်။
သူ့ အနောက်တွင် , ကျိချင် က နံရံခြေရင်း၌ တဝက်မျှကျောမှီလျက်ထိုင်နေပြီးပါးစပ်ထဲတွင်အဝတ်တချို့ထိုးထည့်ခံထားရတယ်၊
ကျိချင်ကလည်ပင်းကြောတွေထောင်ထသည်အထိ ကုလီရွှမ်းအား ဒေါသတကြီးအော်ဟစ်လျက်ရှိနေတယ်။ကုလီရွှမ်း တဖက်သို့လှည့်လာပြီး ကျိချင်ဆီ ဖြေးဖြေးချင်းလျှောက်လာ၍ကျိချင်အနီးတွင်ထိုင်ချလိုက်တယ်၊တဖက်လူရဲ့မကျေ
မနပ်ဖြစ်နေတဲ့ သွင်ပြင်ကိုသဘောကျစွာ
ကြည့်နေမိရင်း ကျိချင်ပါးစပ်ထဲမှ အဝတ်တွေကို ဆွဲထုတ်ကာမေးလာတယ်။" မင်း ဒေါသတွေ အရမ်း ထွက်နေပြီလား?"
ကျိချင်သူ့ကိုစိုက်ကြည့်ပြီး ,
" ကုလီရွှမ်း, မင်း အခု ဘာလုပ်ဖို့ ကြံစည်နေတာလဲ?"
"ငါ ဘာလုပ်ချင်တာလဲဆိုတာကို မင်း မေးနေတာလား?"
ကုလီရွှမ်းရဲ့ မျက်နှာက တဖြေးဖြေးပင် ရက်စက်ကြမ်းတမ်းလာတယ်၊
"မင်းနဲ့ မင်းရဲ့ စီနီယာဒါရိုက်တာတို့ပူးပေါင်းပြီး စာချုပ်နဲ့ လှည့်စားတာကို ငါမသိဘူးများထင်နေတာလား?"
ကျိချင် အံ့အားသင့်သွားပြီးနောက် နားလည်ပြီး တည်ငြိမ်စွာပဲ ပြုံးလိုက်မိတယ်၊
" ဒါဆို ခင်ဗျားပုံစံ ကြည့်ရတာ ငတုံးမဟုတ်လောက်ဘူး...ငါနဲ့ ငါ့စီနီယာကြားက ဆက်ဆံရေးကို ဒီလောက်မြန်မြန်သိနေပြီပဲ..မှန်တယ်,
ဒါက ငါ့ အကြံလေ..လီမော်နဲ့ဘာမှမဆိုင်ဘူး,
သူက ဘာဖြစ်မှန်းတောင် သိတဲ့လူ မဟုတ်ဘူး၊အကယ်၍ ငါ့ကြောင့် မင်းနစ်နာတယ်ဆိုရင်တောင် မင်းသူနဲ့ ပတ်သက်စရာမလိုဘူး"ကုလီရွှမ်း မျက်နှာပေါ်မှအပြုံးတို့က ပို၍ပင် ကြမ်းကြုတ်လာတယ်၊
"မင်းနဲ့ ငါ့ကြား ရှိတဲ့ ပြဿနာက ဒီတစ်ခုတည်းလို့ မင်း ထင်နေတာလား?"
ကျိချင်ဒီတခါတော့လုံးဝ အံ့အားသင့်သွားခဲ့တယ်။
" မင်းနဲ့ ငါက ဘာကိစ္စရှိသေးလို့လဲ ? ဇာတ်ကားမှာလူစားထိုး တယ် ဆိုတဲ့ကိစ္စကို ဖော်ထုတ်တဲ့ သူကငါမဟုတ်ဘူးနော်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest