EP2(U&Z)

3.4K 217 0
                                        

..တံခါးပိတ်လိုက်တဲ့အခါ သူ့ကို ဆိုးဝါးစွာဒုက္ခပေးနေတဲ့ အနံ့တို့ ချက်ခြင်းပင်ပျောက်ကွယ်သွားတယ်၊ကျုန်းရှို့ရဲ့ တင်းမာနေတဲ့စိတ်
တို့က အနည်းငယ်ပင်ပြေလျော့သွားခဲ့ပြီး
ထိုအခါမှ သူ့တကိုယ်လုံးချွေးတွေရွဲနေတာ
ကို သူသိလိုက်ရတယ်။

သူချက်ခြင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး
ရှလျန် ရေမွှေးတွေများ မတရား ထပ်ဖြန်း
နေလားလို့တောင်သူတွေးမိတယ်၊သူက ပွဲအခမ်းအနားအကြီးကြီးတွေတက်ရောက်တဲအခါမှသာရေမွှေး နံ့ဖျော့ဖျော့လေးတွေကို
သုံးတတ်တယ်၊ဂရုတစိုက် အနံ့မခံပါက
ဘာအနံ့မှတောင် ရမှာမဟုတ်လောက်ဘူး။

ဒါပေမယ့် ဒီနေ့ အခြေအနေက အတော်ကြီးကို ပုံမှန်မဟုတ်ဘူး၊ ရှလျန်က ရေမွှေးတံဆိပ် အသစ်တမျိုး သုံးတာလား ? ဒါမှမဟုတ်
သူ့ ခန္ဓာကိုယ်ပေါ်က အနံ့ ကဘဲအရမ်း ပြင်း နေတာလား ဆိုတာကိုတောင် သူမတွေးတတ်ဘူး၊သူ့ ခန္ဓာကိုယ်ပေါ်က အနံ့က ဒီလိုသာအရမ်း ပြင်းနေမယ်ဆိုရင် ကြာရှည်ကြာများ
သူမခံနိုင်လောက်ဘူး။

သူက ညနေခင်းသွားမယ့်နေရာအတွက်
ဂရု တစိုက်များ ပြင်ဆင်ထားတာလား ?
သူချက်ခြင်း ထို အကြောင်းအရာကို စဥ်းစားမိတော့ ,.ကျုန်းရှို့နှလုံးသားထဲမနာလို
ဝန်တိုစိတ်တွေ ပြည့်လာတာကိုသူခံစား
လာရတယ်။

သူရှလျန်ရဲ့ ဘေးနားမှာ သုံးနှစ် နီးပါးနေခဲ့တယ်၊ရှလျန်က အရမ်း အလုပ်ကြိုးစားတဲ့သူဖြစ်တယ် ၊သူက သူ့ မိသားစု ရဲ့ ယုံကြည်မှုကို အလေးထားတယ်၊ဒါပေမယ့် အချစ်ကိစ္စမှာတော့ မျက်တောင် တချက် မခတ်ဘဲ
သူ့ အလုပ်ရဲ့ အပို ပစ္စည်း တစ်ခုအနေနဲ့သာ သတ်မှတ်ထားတယ်၊သူက သူ့ရဲ့ အိမ်ထောင်ရေးကို သူ့မိသားစုရဲ့ အကျိုးအတွက် သူ့ကိုယ်သူ အနစ်နာခံမည့်သူလည်း
ဖြစ်နေတယ်။

ထိုကဲ့သို့သော လူတစ်ယောက်အတွက် ,
ကျုန်းရှိူ့က ဘယ်လို ချိန်းတွေ့မျိုးအတွက်
ဘယ်လို အဝတ်အစားမျိုးဝတ်မယ်ဆိုတာကို
ကြိုတင်မှန်းဆလို့ မရနိုင်ခဲ့ဘူး။

ဒါပေမယ့် ကျုန်းရှိူ့ ကရှလျန်သူ့ကိုပေးအပ်ထားတဲ့ တာဝန်ကို မနှောင့်နှေးရဲဘူး။

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now