..[ U ]
အပြင်ဘက်တွင်ဘာတွေဖြစ်နေလဲဆိုတာကို ရှလင်မသိသလို ရှလျန်ကလည်း သူ့ပခုံးကို
လှမ်းကိုင်ကာ ထကြည့်ဖို့ရာ လုပ်နေပြီ။" အဲ့လူက ငါ့ဆီလာတာထင်တယ်,
ငါထွက်ကြည့်လိုက်မယ်"ရှလျန် တံခါးဖွင့်ပြီး ထွက်လာချိန် ဧည့်ခန်းထဲ၌ ရင်မိုဟွားကို တွေ့လိုက်ရတယ်။
"ရှလျန်, မင်းလက်ထောက်ငါ့ကိုမကြိုဆိုချင်ပုံရတယ်"
ကျုန်းရှိူ့ နှုတ်ခမ်းတွေစူလျက် တဖက်လှည့်နေတယ်၊ ရှလျန် ရောက်လာပြီမို့ စိုးရိမ်စရာမရှိသည့်တိုင် စကားတော့ မပြောနိုင်သေးဘူး။
ရှလျန်က ဒုတိယထပ်လှေကားလက်ရန်းတွင်ရပ်လျက် ရင်မိုဟွားအား တည်ငြိမ်စွာဖြင့်
ငုံ့ကြည့်လိုက်တယ်။"ဥက္ကဌရင်က ခုလို ညကြီး အချိန်ဘာကိစ္စရှိလို့လာတာလဲ?"
ရင်မိုဟွားက ပြုံးပြီး ပြောလာတယ်,
"အားလျန်, ငါမင်းကို မတွေ့ရတာ ရက်ပိုင်းလောက်ရှိပြီလေ, မစ္စရှ ဆုံးသွားတာကိုလည်း
ငါကြားလိုက်ရတယ်,မင်း အားငယ်နေမှာကြောက်လို့ ဝမ်းနည်းကြောင်း ပြောရင်း
အားပေးစကားပြောဖို့ လာခဲ့တာ"ထိုသို့ ပြောလာတဲ့အခါ အားလုံးက ရှလျန်ကို
အာရုံစိုက်မိနေကြတယ်၊ကျုန်းရှို့ရဲ့ ရင်ဘတ်အစုံက နိမ့်ချည် မြင့်ချည်ရှိနေလျက်ဒေါသစိတ်အား ကြံကြံ့ခံနိုင်ကိုပင် အတင်းအကြပ်
ရုန်းကန်နေရတယ်။အမှန်တကယ်တော့ကျုန်းရှို့ သုညနယ်ပယ်ကို ပြန်ရောက်တဲ့ညက ရင်မိုဟွား ရှလျန်အား ပြန်လိုက်ပို့တာကို သူတွေ့လိုက်ရတယ်၊ ထို
အချိန် အာဃတမရှိပါဘူးဟု ပြောမည်ဆိုက
လိမ်ခြင်းသာဖြစ်နိုင်သော်လည်း ရှလျန်ကိုသာယုံကြည်ဖို့ရာ ရွေးချယ်မိပြီး ထိုကိစ္စကို
သူဘာမှမပြောခဲ့ဘူး။သို့သော်, ခုအချိန်တွင် ရင်မိုဟွားကရှလျန်ကို
လာရှာတယ်၊ထိုအရာက ကျုန်းရှို့လို အယ်ဖာတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းအား စိန်ခေါ်လာခြင်းပင်၊ ABOမှာသာခုလို ပုံစံမျိုး ကြုံရမယ်ဆိုရင် သေနတ်ကိုင်ကာ လူသတ်တောင်
အသက်တွေက အကျုံးမဝင်ဘူး။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest