EP24(U&Z)

1.6K 129 0
                                        

[ U ]

စုန့်ယန်နှင့်ရှလင်တို့ ဘီမြို့တော်သို့ပြန်ရောက်လာတဲ့အခါ, ကျိချင်ကသူတို့ကို
ဖိတ်ခေါ်ပြီး လီမော်နှင့်ရှလျန်တို့ကိုလည်း
ဒီရက်ပိုင်း အတွင်း သူ့အား ဂရုတစိုက်ဆက်ဆံပေးခဲ့ကြတာမို့ စုန့်ယန်တို့ နှင့်
အတူ ညနေစာစားရန် ဖိတ်ကြားခဲ့ကြတယ်၊

ကျိချင်နဲ့ ကျုန်းရှို့ က အရင်ကတည်းကမဆုံဖူးတာမို့ ဖိတ်ခေါ်သူစာရင်းထဲမှာ ပါမလာခဲ့ဘူး၊ ဒါပေမယ့် ကျုန်းရှို့က ရှလျန်ကို စိတ်မချခြင်းများစွာ ဖြင့် အသည်းအသန်လိုက်ချင်နေတာမို့ ရှလျန် တစ်ယောက်ကျုန်းရှိူ့ကိုခေါ်သွားဖို့ကလွဲပြီးရွေးချယ်စရာမရှိနိုင်ခဲ့ဘူး။

ညစာစားနေစဥ် စုန့်ယန်က ကျိချင်အား
လူရွေးပွဲ ရလာဒ်တွေကို မေးမြန်းခဲ့တယ်၊
ကျိချင်က ထို ကိစ္စနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားစရာမလိုဘူးလို့ခံစားမိတာမို့ အကြောင်းအရာတွေကို အကြမ်းဖျဥ်း
အနေဖြင့် ပြောပြလိုက်တယ်။

လီမော်ကို တချက်ကြည့်ပြီးတောင်းပန်လိုက်သေးတယ်,

" မော်ကော တောင်ကျွန်တော်နဲ့ တွဲပြီး ဇာတ်ကောင် နေရာ ဆုံးရှုံးလိုက်ရတာတာ,
ကျွန်တော်တကယ်တောင်းပန်ပါတယ်"

လီမော်က လက်ကာပြရင်း ,

" ငါကတောင်းပန်ရမှာ, ငါ့အတွက်ကြောင့်သာမဟုတ်ရင်, မင်းကို ကုလီရွှမ်းက ခုလို လိုက်ပိတ်မှာ မဟုတ်ဘူး, မင်း အမျိုးသားဇာတ်ဆောင်နေရာကို အောင်အောင်မြင်မြင်နဲ့ စာချုပ်ချုပ်နိုင်မှာ"

ကုလီရွှမ်းရဲ့ နာမည်ကို ကြားတဲ့အခါ ရှလျန်ဒေါသ ထွက်လာတယ်,

" ဘာလို့ မင်းတို့က ငြိမ်နေရတာလဲ ?
တနေ့နေ့ ...သူလုပ်ခဲ့ တဲ့ ကိစ္စတွေအတွက်
ငါသူ့ကို နှိပ်ကွပ် ပြမယ်"

စုန့်ယန်က ရှလျန်ကို ကြည့်ပြီးနောက် ကျိချင်ကို တချက်ကြည့်ရင်း မေးလာတယ်၊

"ကုလီရွှမ်း ဆိုတာဘယ်သူလဲ ?
သူက နာမည်ကြီးလား ?"

"ကုလီရွှမ်းက တရုတ်နိုင်ငံမှာလူသိများတဲ့
အမျိုးသား အနုပညာရှင် တစ်ဦးလေ"

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now