[ U ]
မကြာခဏဖြစ်ပေါ်နေတဲ့ နံနက်ခင်းဖျားနာမှု ကြောင့် ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု ဒဏ်အား လျော့ချရန် အတွက်ရှလျန် တစ်ယောက် ခုရက်တွေမှာခပ်စောစောလေး အိပ်ရာဝင်လေ့ရှိတယ်။
ကလေးကို စောင့်ရှောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုကတည်းကပင်အိပ်မက်ထဲမှမြွေကြီးရဲ့ အရောင်ကိုတိတိကျကျသိချင်သည်မို့ တဖန်ပြန်၍အိပ်မက်မက်ဖို့ရာတဖြေးဖြေးပင်မျှော်လင့်နေမိတယ်။
သူက မြွေနှင့် ပတ်သက်သည့် အိပ်မက်ကိုတခါမှထပ်မမက်လာသည့်တိုင် လီမော်ကတော့
သူ့အိပ်မက်ထဲ၌ နှစ်ကြိမ် ဆက်တိုက်မျှ ပေါ်လာခဲ့တယ်။အိပ်မက်ထဲတွင်လီမော်က ရှေးခေတ်ဝတ်စုံ
ဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာမတ်တပ်ရပ်လျက် သူ့အနေအထားကအနည်းငယ်
ယိုယွင်းကာပေပွနေပုံရပြီးရံဖန်ရံခါ မျက်လုံးတွေဖြင့်မျှော်ကြည့်လာရင်း သူ့မျက်နှာပေါ်မှ အမူအရာက အလွန်ဝေခွဲရခက်နေတယ်၊
အနည်းငယ်သော အံ့သြမှုနှင့်အတူဒေါသတရားတို့ ရောယှက်လျက် နေလျက်သနားစိတ်ပိုစေတယ်။ထိုကဲ့သို့သော မြင်ကွင်းမျိုးအား ဘာကြောင့်များမြင်မက်နေရသလဲဆိုတာကို သူနားမလည်နိုင်ခဲ့ဘူး၊ ထိုအရာကအရင်လီမော် ရိုက်ကူးခဲ့ဖူးတဲ့တီဗွီစီးရီးတွေထဲမှ အစိတ်အပိုင်းလေး တစ်ခုလို့သူတွေးမိတယ်။
သို့သော် ထို မြင်ကွင်းကိုပဲ ဒုတိယအကြိမ်
ထပ်မက်သောအခါတွင်, လီမော်ကဆံပင်ရှည်နှင့်မဟုတ်တော့ပဲ အဝတ်အစားတွေ
မသပ်မရပ်ဖြင့်ရှိနေလျက် တီဗွီ စီးရီးထဲက
ပုံစံမျိုးလည်း မဟုတ်တော့ပြန်ဘူး၊
သူ့ပုံစံကကြည့်ရတာ ရိုက်ကူးရေး ပြီးချိန် အဝတ်အစားလဲဖို့ အချိန်မရပုံပေါ်တယ်။ရှလျန် နောက်တနေ့ မနက်အိပ်ရာနိုးလာပြီးတဲ့နောက် အနည်းငယ် စိတ်မသက်မသာခံစားရတာမို့ လီမော်ဆီ ဖုန်းခေါ်လိုက်တယ်။
လီမော်ကလည်း ဖုန်းချက်ခြင်းကိုင်လာပြီး
စိတ်အခြေအနေကောင်းမွန်နေပုံရတယ်။"ငါ့ဆီ မနက်အစောကြီး ဖုန်းခေါ်တာ
အရေး ကြီး ကိစ္စတစ်ခုခုရှိလို့လား ?"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest