.[ U ]
ကျုန်းရှိူ့ ရှရှကို တချက်ကြည့်ပြီး
သက်ပြင်းချလိုက်မိတယ်၊" ကောလည်းဒူလန်ကျဲ ပြောတာကြားမှာပါ...ရှရှ...သူ့မှာလည်း အစွမ်းရှိတယ်"
ဒူလန်ကျဲ ပြောတာကို ရှလျန် အရင်ကတော့
ကြားဖူးတယ်။ရှရှသုံးနှစ်မပြည့်မီ ပြန်လာမယ်ဆိုလို့ရှလျန်
မျှော်နေခဲ့သေးတယ်၊ ဒူလန်ကျဲ ပြန်ယူလာတဲ့
ဓာတ်ပုံတွေကို တွေ့တိုင်း ရှရှက တနေ့ထက်တနေ့ ကျန်းမာစွာကြီးပြင်းလာတာကို တွေ့တဲ့အခါတိုင်း ကျုန်းရှိူ့ဘာလို့ ရှရှကို ပြန်ခေါ်
မလာလည်း ဆိုတာကိုသူအမြဲတမ်း
တွေးနေမိတယ်။သူ့ရဲ့ ကတိတွေကို များ မေ့ထားပြီလားလို့ပေါ့။
နောက်ပိုင်းတွင်, ဒူလန်ကျဲကအချို့သော အချက်အလက်တချို့အား ထုတ်ဖော်ပြောလာရင်း ကလေးငယ်၌ ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်နိုင်ခြင်း ရှိမရှိ
အနီးကပ်လေ့လာစောင့်ကြည့်ရဦးမည်ဟု
ဆိုလာတယ်။ကလေးငယ်ရွယ်သေးချိန်တွင် ထူးဆန်းတဲ့
လက္ခဏာတွေကို သတိမပြုနိုင်တာမို့ သဲလွန်စ အချို့ရရန် ကြီးပြင်းလာဖို့
လိုအပ်တယ် ၊အကယ်၍များရှရှသာ
ထူးခြားတဲ့အရည်အချင်းတစ်ခု ပိုင်ဆိုင်
ထားသူဆိုပါက သူ့ကိုအဖွဲ့အစည်းက
သုညနယ်ပယ်သို့ လွယ်လွယ်လေးနဲ့တော့
လွှတ်မည်မဟုတ်ပေ။ထို သတင်းအား ကြားကြားချင်းရှလျန် အလွန် ဒေါသထွက်ခဲ့ရတယ်၊ဒါကနေအိမ်အကျယ်ချုပ်ပုံစံနှင့်ဘာများကွာခြား
တော့မှာမို့လဲ?"ဒါပေမဲ့ ရှလျန် စိတ်ပြောင်းသွားတယ်၊
ရှရှကလမစေ့ဘဲမွေးဖွားခဲ့တဲ့ကလေးဖြစ်ပြီး အသက်လုထားရတဲ့ ကလေးလည်း
ဖြစ်တယ်၊ အကောင်းဆုံးကုသမှုခံယူရန်
အတွက်ကလေးအား အခြား ကမ္ဘာသို့ခေါ်ဆောင်သွားတဲ့ ဝမ်ပင်ရဲ့ကျေးဇူးကြောင့်သာ
ကလေးရဲ့ အသက်အား ကယ်တင်နိုင်ခဲ့တယ်၊မျှော်လင့်ချက်မဲ့စွာဖြင့် နှစ်အတော်ကြာ
စောင့်ဆိုင်းပြီးနောက်ဒူလန်ကျဲက ကလေးအား ထူးခြားတဲ့ စွမ်းရည်ရှိသူတစ်ဦးအဖြစ်သတ်မှတ်ခံရသော်လည်း ကလေးကအသက်ငယ်လွန်းပြီး စွမ်းရည်အား ကျွမ်းကျင်စွာမသုံးတတ်သေးသူဖြစ်ကြောင်း ၊နောက်ထပ် စောင့်ကြည့်မှုနဲ့ အတည်ပြုချက်တွေလိုသေးကြောင်း ပြောလာပြန်တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest