..[ U ]
ဒူလန်ကျဲ ဖုန်းချလိုက်ပြီး သံကြိုးအားဆွဲကာ သူ့နောက်မှချန်းရှအားဆွဲခေါ်လာလိုက်တယ်။
ထိုအချိန်, စုန့်ဟွိုင်ရှင်းရဲ့ခွင့်ပြုချက်ဖြင့်
တယ်လီပိုစ့်စနစ်သုံးကာ ဘီမြို့တော်ရှိ
Midnight Flight ဘားတံခါးဝဆီသို့
ချက်ခြင်း ပြန်လာခဲ့လိုက်တယ်။ချန်းရှအား အထူးပြုလုပ်ထားတဲ့ သံကြိုးဖြင့်
ချည်နှောင်ထားတာမို့ မလှုပ်ရှားနိုင်ဘူး၊ဒူလန်ကျဲက သူ့အား ဆွဲယူကာ ခြေလှမ်း ဖြေးဖြေး သာလှမ်းလိုက်တယ်၊ ကျိုးနေတဲ့ မျက်မှန်ကိုင်းကချန်းရှ နှာခေါင်းတွင်တွဲလျားကျနေလျက် တစောင်းဖြစ်ကာ အလွန်မသက်
မသာဖြစ်နေတယ်။ချန်းရှက ဒူလန်ကျဲ၏ကျောပြင်အား ခါးသီးစွာပင် စိုက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ်။
" ဒူလန်ကျဲ, မင်းက သူတို့ရဲ့လက်ပါးစေပဲ,
မင်းကို သူတို့ဒီတိုင်း ဆက်ဆံတာတောင်
မင်းကသူတို့ အတွက် အလုပ်လုပ်ဖို့
ဆန္ဒရှိနေသေးတယ်"သူတို့ ဆိုတာကသူ့အဖွဲ့အစည်းကိုပြော
တာဖြစ်ကြောင်းဒူလန်ကျဲတွေးမိတာမို့ရုတ်တရက်ခေါင်းရှုတ်သွားတယ်။"သူတို့က ငါ့ကို ဘယ်လိုဆက်ဆံလို့လဲ?"
"သူတို့က ကျင်းဟယ်နဲ့ မင်းကို တားဆီးကြတယ်လေ, မင်းနှလုံးသားထဲမှာ အဲ့ဒါကို
မုန်းတီးစိတ်မဝင်မိဘူးလား?"ထိုအခါမှ ချန်းရှပြောတဲ့ သူတို့ဆိုတာက
ABOတွေကို ဆိုလိုခြင်းဖြစ်ကြောင်းဒူလန်ကျဲ
နားလည်လိုက်တယ်၊ သူခဏရပ်ပြီးပြောလိုက်တယ်။" ဒါက အထက်တန်းလွှာ လူတစ်စုရဲ့
အတွေး အခေါ် ပါ, ABOတစ်ခုလုံးကိုကိုယ်စားမပြုဘူး""မင်းတကယ်အဲ့ဒီလိုပဲတွေးတယ်ပေါ့"
ချန်းရှ အေးစက်စွာ ပြောလာတယ်,
" သူတို့က ကျင်းဟယ် ကို ဖိအားပေးလို့
သတ်သေတဲ့ အထိ ဖြစ်သွားတာလေ, သူတို့က ကျင်းဟယ်ကို သတ်ခဲ့ တာတောင်မင်းက
သူတို့ အတွက် ပြောပေးနေသေးတယ်"ဒူလန်ကျဲ ချန်းရှကို လှည့်ကြည့်လိုက်တယ်။
" ချန်းရှ, ရိုးရိုးသားသားပြော, မင်း
ကျင်းဟယ်ကို ကြိုက်တယ်မလား?"

YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest