[ U ]
ကျုန်းရှို့ မနက်လေးနာရီထိတိုင်အောင်
သစ်ပင်အောက်တွင်ရပ်နေခဲ့ရပြီးနောက်ဆုံးတွင် အိမ်တံခါးလေးဖြေးညှင်းစွာပွင့်လာတာကို သူတွေ့လိုက်ရတယ်၊ရှလျန် တံခါးနောက်မှာ မတ်တပ်ရပ်ပြီး သူ့ကို ခဏမျှ တိတ်တဆိတ်ဖြင့်ကြည့်နေပြီးနောက်
အေးဆေးစွာပင် ပြောလာတယ်၊" အထဲဝင်"
ကျုန်းရှို့ ရဲ့ တင်းကြပ်နေတဲ့ နှလုံးသားကြိုးမျှင်လေးတွေ ရုတ်တရက် ပြေလျော့သွားပြီး
တဖြေးဖြေးပင်သူ့ရင်တွေလည်း ပူလာတယ်၊
ခံစားချက်မျိုးစုံ ရောပြွန်းနေလျက် ပျော်ရွှင်မှု တချို့ကြောင့် အော်ဟစ်ပစ်ချင်သည့်တိုင်
ဝမ်းနည်းစိတ်တချို့ကြောင့်လည်းငိုကြွေး
ချင်မိတယ်၊"လျန်ကော ..."
ရှလျန် ယခင်လိုတော့ စကားမပြောနိုင်သေးဘူး။ ကျုန်းရှိူ့ရဲ့ အကြည့်တွေကိုရှောင်ရှား
ပြီး ပြောလာတယ်၊" မင်း တညလုံးနီးပါး အပြင်မှာနေနေရတာ,
အရင်ဆုံး အနားယူလိုက်ဦး"ရှလျန် သူ့ကို အရင်လို ဂရုစိုက်ပေးနေဆဲ ဖြစ်ကြောင်းသိလိုက်ရတာမို့ သူ့ရဲ့ စိတ်လှုပ်ရှားမှု တွေကို ဖိနှိပ်ပြီး တလှမ်းချင်း
စီပင် ဗီလာထဲသို့ ဝင်လာလိုက်တယ်၊" ငါတာဝန်ပြီးသွားပြီ, ပြန်ဖို့ အချိန်တန်ပြီ "
ဒူလန်ကျဲက ရှလျန်ကို ကဒ်ပြား တစ်ခု ပေးလိုက်တယ်၊
" ဒါက ငါ့ဆီ ဆက်သွယ်လို့ရမယ့် နံပါတ်,
အကယ်၍ မင်း အကူအညီလိုရင်, ငါ့ဆီ
ဖုန်းခေါ်လို့ရတယ်"ရှလျန်က ကတ်ပြားပေါ်မှစာလုံးတွေကို
ကြည့်ပြီး ,"Midnight Flight ?...ဘားအဖျော်ဆရာလား ? "
ဒူလန်ကျဲက သူ့နှာခေါင်းလေးကိုထိပြီး
မယုတ်မလွန် ပြောလာတယ်၊"အဲ့ဒါက အမည်ခံပဲ"
သူ့ စကားကိုခဏရပ်ပြီးနောက်ပြောလာတယ်,
" အကယ်၍ ဖုန်းမဖြေဖြစ်ရင်တော့, ငါယာဥ်ပျံပေါ် ပြန်သွားတာပဲ , မင်း အဲ့ဒီဘားကို သွားပြီး စားပွဲထိုး တစ်ယောက်ယောက်ကိုပြောခဲ့လို့ရတယ်၊ငါပြန်ရောက်ပြီဆိုရင်မင်းဆီပြန်ဆက်သွယ်ပေးမယ် "
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest