..[ U ]
ရင်မိုဟွား ခဏလောက်စဥ်းစားပြီး ရှလျန်ကို ကြည့်လာတယ်။
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်"
သူစကားကို ခဏရပ်ပြီးနောက်ဆက်ပြောလာတယ်။
" မင်းရဲ့ ကောင်းမွန်လှတဲ့ ကြက်စွပ်ပြုတ်အတွက် USမှာရှိတဲ့ရှမိသားစုရဲ့ အကိုင်းအခက်တွေကို နဂို အတိုင်း ပြန်ထားပေးပြီး မင်းတို့ရဲ့ကြွေးမြီတွေကိုလည်း ချက်ခြင်း အဆင်ပြေအောင် ငါကူညီပေးနိုင်တယ်,
အတိအကျပြောရမယ်ဆို, မင်းကို ငါ့ရဲ့ ယာယီီ အတိုင်ပင်ခံအဖြစ် လျာထားချင်တယ်,
မစ္စတာရှရဲ့သဘောထားကရောဘယ်လိုလဲ?"
{T/N ..ကြက်စွပ်ပြုတ်ဆိုတာကပြဿနာကို ဖြေရှင်းဖို့ ပေးလာတဲ့ အထိရောက်ဆုံးအကြံညာဏ်ကို ဗန်းစကားအဖြစ်သုံးတာပါ}
လက်ရှိနေရာရှိ လူအားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်၊ လေထု
က ရုတ်တရက် ပြောင်းလဲသွားလိမ့်မယ်လို့
သူတို့ လုံးဝ မျှော်လင့်မထားကြဘူး၊ကျုန်းရှိူ့က ရှလျန်ကိုထိတ်လန့်စွာပင်လှည့်ကြည့်လာတယ်။
ရှလျန် အေးချမ်းစွာပြုံးလိုက်မိတယ်။
"ဥက္ကဋ္ဌရင်က ငါ့အပေါ် အရမ်းကောင်းတာပဲ,
ငါက စိတ်ဓာတ်ကို အားပေးဖို့ လှုံ့ဆော်နိုင်တဲ့
ကြက်စွပ်ပြုတ်လေးပဲချက်ခဲ့တာ, ရှေ့ဆက်ချီတက်ဖို့ အစီအစဥ်ကျ အရည်အချင်း မပြည့်မီမှာကို စိုးရိမ်တယ်"
ရင်မိုဟွားက မတုန်မလှုပ်ပြုံးပြလာတယ်၊
" ဒါက အဆင်ပြေပါတယ်, ကြက်စွပ်ပြုတ်
မကြာခဏလုပ်ပေးပေါ့, ငါက ကြက်စွပ်ပြုတ်ကြိုက်တယ်"
နေရာရှိလူအများ:"......"
ရင်မိုဟွားရဲ့ အပေးအယူက အကန့်အသတ်နဲ့ ဆိုတာကို ရှလျန် စိတ်ထဲကနေနားလည်နေမိတယ်၊ခဏမျှအသေအချာ စဥ်းစားပြီး ပြောလာတယ်၊
" ကျေးဇူးတင်ပါတယ်, ဥက္ကဋ္ဌရင်,
ဒါပေမယ့်အခု..ငါ့မှာ အချိန်မရှိဘူးဖြစ်နေတယ်, နောက်ထပ် ငါ့ကိုတစ်နှစ်ခွဲလောက် အချိန်ပေးနိုင်မလား?"
ရင်မိုဟွား မျက်မှောင်ကြုံ့လိုက်တယ်,
" မင်းရဲ့ ရောဂါကို ဆိုလိုတာလား?
ငါပြောနိုင်တယ်..ငါလုပ်ပေးနိုင် ...."
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
