( U )
ကျုန်းရှို့ ဒူလန်ကျဲရဲ့ ကော်လံစကို ဆွဲယူလိုက်တယ်၊သို့သော် သူ့စကားမဆုံးခင်မှာဘဲ
သူဆွဲထားသူက ရုတ်တရက်သူ့လက်ထဲကနေ လွတ်ထွက်သွားရာကျုန်းရှိူ့ အံ့အား
သင့်သွားတယ်၊သူရဲ့ ဆွဲယူထားခြင်းက
လွတ်ထွက်ရန်ခဲယဥ်းသော်လည်း သူ့ ရှေ့မှလူက လေပွေအလား မည်သို့လွတ်မြောက်သွားသည်ကိုပင် တွေးလို့မရနိုင်ခဲ့။ကျုန်းရှို့ သူ့ကို ထပ်မံ ၍ ဖမ်းဆီးရန်ရှေ့မတိုးမီ ဒူလန်ကျဲက နောက်ဆုတ်ပြီး ,
"ဟေး..ဟေး...စကားပြောရအောင်,
မင်းဘာလို့ ရုတ်တရက်ငါ့ကို တိုက်ခိုက်နေတာလဲ ? ရှလျန်အတွက်သာမဟုတ်ဘူးဆိုရင် မင်းကို ငါ ခုလိုမျိုးအရေးတယူလုပ်ပြီးပြောနေမှာ မဟုတ်ဘူး"ကျုန်းရှိူ့ကတိုက်ခိုက်တာကိုရပ်လိုက်ပြီး
ပထမဆုံးတကြိမ်တွေ့တုန်းကထိုသူက
ရှလင်ရဲ့ သူငယ်ချင်းလို့ပြောတာကိုလည်း
သူမှတ်မိတယ်၊ထိုအချိန်တွင်ရှလျန်ဆိုတဲ့
အမည်ကို ကြားလိုက်ရတာမို့ ဒူလန်ကျဲနှင့်
စိတ်ရှည်လက်ရှည်စကားပြောခဲ့တယ်။ထိုအချိန်ကကျုန်းရှို့ ဘာမှဝင်မပြောပေမယ့်
ရှလျန်တွေးသည့်အတိုင်း ဒီလူ့ ခေါင်းမှာ
ပြသနာတစ်ခုခု ရှိနိုင်တယ်ဆိုတာကို
အခြေခံအားဖြင့်သူတောင်လက်ခံထားခဲ့
မိတယ် ။သို့သော်, ဒီတကြိမ်တွင်တော့, အနည်းငယ်
တုန်လှုပ်နေတယ်, လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူဖြစ်ပျက်ခဲ့တဲ့အရာတွေက ထူးဆန်းနေတာမို့ အကယ်၍များ
ထိုသူပြောတာတွေသာအမှန်ဆိုပါက...ကျုန်းရှိူ့ အသက်ပြင်းပြင်း တချက်ရှုလိုက်ပြီး,
"အခု ငါမင်းကို ယုံကြည်ပေးမယ်,မင်းပြောတဲ့ ပရိုမုန်းဆိုတာက ဘာလဲ ?မင်းဘက်က အသေအချာ ရှင်းပြနိုင်မယ်လို့ငါမျှော်လင့်တယ်"
******
ရှလျန် တစ်ယောက် အမှောင်ထဲ၌ တုန်ယင်မှုနှင့်အတူ တွန့်လိမ်ကွေးကောက်နေတယ်။
သူ့ရဲ့ စိတ်ကျန်းမာရေးက အရမ်းမဆိုးနိုင်ဘူးလို့ တွေးနေမိတယ်၊လိင်တူ ဆက်ဆံခဲ့ခြင်းဆိုတဲ့အရာကိုမေ့ထားပြီး သူ့ကို သာ အချိန်အလုံအလောက် ပေးနိုင်မည်ဆိုပါက သူ့ကိုယ်သူ ပြန်လည်တည့်မတ်နိုင်ပေလိမ့်မယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest