.[ U ]
ကုလီရွှမ်းခုလိုမျိုးလုပ်လာလိမ့်မယ်လို့
လီမော် ထင်မထားခဲ့ဘူး၊ ခေါင်းအား အပြင်းအထန်လွှဲခါလိုက်ပေမယ့်လုံးဝတော့ ရှောင်ရှားလို့မရခဲ့ဘူး၊ ကုလီရွှမ်းကသူ့ နှုတ်ခမ်းကိုကိုက်လိုက်တာမို့ထွက်လာတဲ့ သွေးနံ့ တွေက လီမော် ပါးစပ်ထဲပျံ့နှံ့သွားခဲ့တယ်၊သူ စိတ်ဓာတ်ကျနေချိန်မှာပဲအခြေအနေကို အခွင့်ကောင်းယူပြီးမသိမသာကြိုးဖြည်နေတဲ့ ကျိချင်ရဲ့ကြိုးတွေလွတ်ထွက်သွားတယ်၊
ထို့နောက် ကုလားထိုင်အား လက်နှစ်ဖက်ဖြင့်
ဆွဲကိုင်ကာကုလီရွှမ်း ရဲ့ နောက်ကျောအား
ရိုက်ချလိုက်တာကိုလီမော် ရုတ်တရက်မြင်လိုက်ရတယ်။ကုလီရွှမ်းအား ထိမှန်ပြီး ပြင်းထန်တဲ့နာကျင်မှုကြောင့် လီမော်အား ခတ္တခဏလွှတ်ပေး
လာတယ်၊ သူနောက်ကိုလှည့်ကြည့်လိုက်ရာ အနောက်ဘက်မှ တိုက်ခိုက်လာတဲ့ ကျိချင်ကို တွေ့လိုက်ရတာမို့ ဒေါသတကြီးဖြင့် ကျိချင်အား တိုက်ခိုက်ရန် ဟန်ပြင်လိုက်တယ်။လီမော်က နံရံတွင်ချိတ်ဆွဲထားလျက်ရှိနေတဲ့
တိုင်ကပ်နံရံအား မော့ကြည့်ပြီး ညွှန်ပြချက်အား တချက်မျှစိုက်ကြည့်နေမိတယ်။နောက်ဆုံးတွင် , ကျယ်လောင်သောအသံကို ကြားလိုက်ရပြီးနောက် သက်တော်စောင့်နှစ်ယောက်က တံခါးအား ချိုးဖျက်ကာ ကုလီရွှမ်းအား မြေပေါ်တွင် ဖိနှိပ်ရန် အတူ တကွ
လုပ်ဆောင်လာကြတယ်။" မစ္စတာလီ, ကျွန်တော်တို့ နောက်ကျသွားတာ တောင်းပန်ပါတယ်"
သက်တော်စောင့် တွေထဲမှ တစ်ဦးက လီမော်ကို ကြိုးဖြေပေးရင်း ရှင်းပြလာတယ်။
" ဒီနယ်မြေကလမ်း နည်းနည်းရှုပ်တယ်,
ဒီနေရာကိုရှာဖို့အချိန်အတော်ယူလိုက်ရတယ်"ထို အချိန်တဖက်၌ ,ရှလျန်ကဆိုဖာပေါ်တွင်
ပျင်းရိ စွာထိုင်ပြီးကျုန်းရှိူ့လှီးပေးနေတဲ့ ပန်းသီးစိတ်တွေကိုစားရင်းစီးပွားရေး
ဆိုင်ရာ ချန်နယ်ကို ကြည့်နေတယ်။ရုတ်တရက် ကျုန်းရှိူ့ ဖုန်း မြည်လာတယ်၊
ကျုန်းရှို့က ဖန်သားပြင်ပေါ် ကြည့်ပြီးနောက်
မျက်နှာ အမူအရာပါ ပြောင်းလဲသွားခဲ့ရင်း
လက်တွေကို အရင်သုတ်ပြီးနောက် ဖုန်းကိုင်လိုက်တယ်။
![](https://img.wattpad.com/cover/320845377-288-k978843.jpg)
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Storie d'amoreနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest