..[ U ]
ကျုန်းရှို့၏ကလေးစောင့်ရှောက်ဖို့စိတ်ရင်းမှန်ဖြင့် ကတိပေးသည်ကို ကြားတဲ့အခါ
ရှလျန်၏မူလစိတ်ရင်းခံတို့ကမမျှော်လင့်သည်အထိငြိမ်သက်သွားခဲ့တယ်၊
ရှလျန်က ကလေးဘဝကတည်းကပင် ,
"မင်းမှာ ပြဿနာတစ်ခု ကြုံလာတဲ့အခါ,
ပြဿနာကို ရင်ဆိုင်၍တစ်ခုပြီး တစ်ခု
ဖြေရှင်းရမည် "ဟူသော နိယာမကို ယုံကြည်ခဲ့သူမို့ သူရဲဘောကြောင်တဲ့ရှောင်လွှဲမှုကသူ့ပုံစံမဟုတ်ပေမယ့် ကျုန်းရှို့ ဘက်မှသူ့အား
ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတွေပေးခဲ့တဲ့အတွက် သူ့ဘက်ကလည်း တဖက်လူအား
ကြိုးစားဖို့ အခွင့်အရေး ပေးလိုစိတ်ရှိနေခဲ့တယ်။
ကျုန်းရှို့၏ အလင်းမှအမှောင်ဘက်သို့ကူးပြောင်းခြင်း ဟူသော အကြံပြုချက်ကသူ့ကို များစွာလှုံ့ဆော်မှု ဖြစ်စေတယ်၊ ကလေး မွေးဖွားရန် အတွက် ပုန်းလျှိုးကွယ်လျှိုးလုပ်ရမည့် ကိစ္စနှင့် နှိုင်းယှဥ်ပါက ကျုန်းရှိူ့ တစ်ယောက်မည်သို့မည်ပုံလုပ်ငန်းတွေကို တိုးတက်အောင်ကြံဆမည်နည်း? အသွင်ကူးပြောင်းမှုတွေကိုရော မည်သို့မည်ပုံ ကိုင်တွယ်မည်နည်း? ရှလုပ်ငန်းစု၏ အနာဂတ်တိုးတက်မှုလမ်းကြောင်းက မည်သို့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဦးတည်မည်လဲ ဆိုတာကို သူပို၍ပင်စိုးရိမ်နေမိတယ်။
အချိန်ကာလတစ်ခုထိတိုင် ,ရှလျန် အိမ်မှာသာသက်တောင့်သက်သာနေပြီး အလုပ်ကိုတောင်မသွားခဲ့ဘူး၊ကျုန်းရှိူ့ကတော့ ရှလျန်ရဲ့ အလုပ်တွေကို တာဝန်ယူပြီးနောက်သာမန်ထက်ပို၍ အလုပ်များလာခဲ့တယ် ။
ထိုကာလတွင်း သူတို့နှစ်ဦးက နံနက်ပိုင်းနှင့် ညနေပိုင်းလောက်သာတွေ့ဆုံရန် အချိန်ရခဲ့တယ်၊သူတို့ပြောဖြစ်တဲ့ အကြောင်းအရာအများစုကလည်း အလုပ်အကြောင်းသာဖြစ်ပြီးကျုန်းရှိူ့ရဲ့ အစီရင်ခံတင်ပြမှုတွေ သို့မဟုတ် ကျုန်းရှို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရှလျန်က မမောမပန်း သင်ကြားမှုတွေသာဖြစ်နေခဲ့တယ်။
သူတို့နှစ်ယောက် အလုပ်ကိစ္စအပြင် ရံဖန်ရံခါ အခြားကိစ္စတွေကိုလည်း ပြောဖြစ်ကြသေးတယ်၊ဥပမာပြောရမယ်ဆို, ရှလျန် တစ်ယောက် လွန်ခဲ့သည့် ရက်ပိုင်းတွင််နံနက်ခင်း ဖျားနာအော့အန်မှု အကြိမ်ရေတိုးလာခြင်းနဲ့
ပတ်သက်၍ ငြီးငြူနေလေ့ရှိပြီး အော်ဒါမှာတဲ့ အစားအသောက်တွေက အဆီများတာမို့
မစားချင်တာမျိုးတွေ ဖြစ်လာခဲ့တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
