..[ U ]
လေးနှစ် ကြာပြီးနောက်...
ရှလျန်ကုမ္ပဏီ၏ဂိတ်တံခါးဝမှာထွက်လာတဲ့အခါ,အပြင်ဘက်လမ်းဘေးတနေရာ၌
တွေ့မြင်ရင်းနှီးနေကျကားတစ်စီးရပ်နေတာကို တွေ့လိုက်ရတယ်။ပြတင်းတံခါး ဖြေးညှင်းစွာလိမ့်ဆင်းလာပြီး
ဒရ်ိုင်ဘာခုံ၌ ရင်မိုဟွားရဲ့ ပြုံးနေတဲ့မျက်နှာ
ကို တွေ့လိုက်ရတယ်။အရင်ကတည်းက သူ့ ပုံစံကိုကျင့်သားရပြီး ဖြစ်နေတာမို့ အေးဆေး တည်ငြိမ်စွာပဲ လျှောက်သွားလိုက်တယ်။
" မစ္စတာရင်က ဘာလို့ ဒီနေ့ကိုယ်တိုင်မောင်းလာရတာလဲ?"
ရင်မိုဟွားမကျေမနပ်ဖြစ်သွားဟန်ဆောင်ရင်း,
" အရင်ကတည်းကလည်း ငါပြောတယ်တယ်လို့, ငါ့ကို မစ္စတာရင်လို့ မခေါ်နဲ့.နာမည်ကိုပဲ
ခေါ်ပါလို့..ဒီလောက်နှစ်တွေကြာလာတာတောင် မင်းခုထိ နားမလည်သေးဘူး"ရှလျန် ပြုံးရုံသာပြုံးနေလျက် ခွန်းတုံ့ မပြန်ခဲ့ဘူး၊
"ကားပေါ်တက်..ငါမင်းကို နေရာတစ်နေရာခေါ်သွားမလို့"
အလျော့မပေးတတ်တဲ့ ရင်မိုဟွားရဲ့ပုံစံကို
သိတာမို့ ငြင်းပယ်ဖို့ရာ မလွယ်ကူတာမို့
ရှလျန် ဘေးထိုင်ခုံတွင်ဝင်ထိုင်ကာ ထိုင်ခုံခါးပတ် ပတ်လိုက်တယ်။"မင်း ဒီနေ့ ပျော်နေပုံရတယ်"
"ငါမင်းကို ဒီည ညစာလိုက်ကျွေးမယ်"
" ပျော်စရာအထိမ်းအမှတ်ရှိလို့လား?"
"ငါ့ရဲ့ အစ်ကို ဝမ်းကွဲ က ဆက်ခံသူစာရင်းထဲကနေ ထုတ်ပယ်ခံလိုက်ရတယ်, ဒါက
ပျော်စရာတစ်ခုလို့ မင်းမထင်ဘူးလား?"သူရည်ညွန်းတဲ့ ဝမ်းကွဲ အစ်ကို ဆိုသူက
ရင်မိုဟွား မတိုင်မီ ဆက်ခံသူအဖြစ်လျာထားခြင်းခံရသူဖြစ်တာကို ရှလျန်သိတယ်၊ လွန်ခဲ့သော လေးနှစ်တာအတွင်း ရင်မိုဟွားက low keyလေးဖြင့်သာနေရင်း သူ့ရှေ့တွင် ပိတ်နေတဲ့ ဆက်ခံသူအတားအဆီးကို ဖယ်ရှားကာ နယ်ဆင်လ် မိသားစုရဲ့ ဆက်ခံသူအဖြစ် ထီးနန်းတက်ရန် လျှို့ဝှက်စွာ ကြံစည်နေခဲ့တယ်။
![](https://img.wattpad.com/cover/320845377-288-k978843.jpg)
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest