Chapter 121
၎င်းမှာဆိုးဝါးတဲ့အလုပ်ဟု ပြော၍မရနိုင်ပေ။ ယခင်က ‘ဂီတရူး’အဖွဲ့သားများသည် သူ့အား ဂရုစိုက်ခဲ့ကြပြီး ယခု သူတို့က အကူအညီပြန်တောင်းလာခဲ့ခြင်းဖြစ်ရာ သူ့အနေဖြင့် မသွားဖို့မသင့်တော်ပေ။ သို့သော် ကျယ်ယန်သည် ပါးနပ်စွာဖြင့် မရှင်းပြခဲ့ပေ။ သူ ရှင်းပြလိုက်ခါမှ ချိုးရှင်း ပိုစိတ်ဆိုးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သူ လက်မြှောက်ကာ သူ့မျက်နှာအား ထိလိုက်ပြီး “နည်းနည်း စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်”
၎င်းကိုကြားသောအခါ ချိုးချင်းသည် ချက်ချင်းပဲ စိတ်ဆိုးဖို့မေ့သွားပြီး ရှေ့သို့ကိုင်းကာ ကျယ်ယန်၏မျက်နှာကို ကြည့်လိုက်သည်။ သူ မျက်နှာကိုထိရန် လက်မြှောက်လိုက်သော်လည်း မထိရဲပေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းများစေ့နေကာ ဒေါသထွက်စိတ်ဖိစီးနေပုံပေါ်နေသည်။
ကျယ်ယန်သည် ကားထဲရှိ ရေခဲသေတ္တာအသေးလေးကိုညွှန်ပြကာ “အထဲမှာ ချင်းချန်ကြိုပြီးပြင်ဆင်ပေးထားတဲ့ wet tissues နဲ့ ရေခဲရေရှိတယ်။ ခင်ဗျား wet tissues ကိုထုတ်ပေး၊ ကျွန်တော်မျက်နှာကို သုတ်လိုက်မယ်။”
ချိုးရှင်း သူပြောတဲ့အတိုင်း မြန်မြန် လုပ်လိုက်သည်။ wet tissues များကိုထုတ်ကာ ကျယ်ယန်အား ကိုယ့်ဘာသာလုပ်ခွင့်မပြုဘဲ အထုပ်ကိုသူကိုယ်တိုင်ဖွင့်၍ wet tissues အား ကျယ်ယန်၏မျက်နှာပေါ် ညှင်သာစွာ တင်လိုက်ပြီး ဖြည်းဖြည်းချင်း သုတ်ပေးနေသည်။
“နောင်ကျ ဒီလိုအလုပ်မျိုး လက်မခံနဲ့။ သီချင်းပဲ အေးအေးဆေးဆေးဆိုတာ ပိုမကောင်းဘူးလား?”
“တကယ်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီအစီအစဉ်က အရမ်းအဓိပ္ပါယ်ရှိတယ်လို့ထင်တယ်။ အလုပ်အမျိုးမျိုးမှာ ကြိုးကြိုးစားစား လုပ်ကိုင်နေကြတဲ့သူတွေ အမြဲရှိနေတာလေ။ ကျွန်တော်ကမှ နေပူထဲမှာ နာရီနည်းနည်းလောက်ပဲ လုပ်ခဲ့ရတာ။ အဲ့ဒီ့အလုပ်သမားတွေဆိုရင် တစ်နေကုန်လုံး နေပူထဲမှာ လုပ်နေရတာ။ မကောင်းတဲ့ကုမ္ပဏီတွေနဲ့သာကြုံခဲ့ရင် သူတို့မှာ မြင့်မားတဲ့အပူရှိန်အတွက် ထောက်ပံ့ကြေးတောင်မရရှာဘူး။ တကယ်ကို ခက်ခဲပင်ပမ်းမှာပဲ။”
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
