Chapter 119

1K 89 10
                                        

Chapter 119

“ဘာတွေဖြစ်သွားတာလဲ? ဒါက ဘာ​ကြီးလဲ?”

ချင်းချန် အသိဝင်လာပြီး အလျင်အမြန်ပဲ ကျယ်ယန်အား သူ့အနောက်တွင်ထားကာ ကာကွယ်လိုက်သည်။ ထို့နောက် မြေကြီးပေါ်ရှိ အရည်များဖိတ်ကျနေသော ပုလင်းအားငုံ့ကြည့်လိုက်သည်။ 

ပုလင်းထဲမှ အလွန်အမင်းအနံ့အသက်ဆိုးဝါးလွန်းတဲ့အရည်များ စီးကျနေသည်။ ကျယ်ယန် ချင်းချန်၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ဘာမှမဖြစ်ဘူး။ ဝူရွှေ့ လိုက်သွားပြီး ဖမ်းနေတယ်။ မစိုးရိမ်ပါနဲ့။”

ထို့နောက် သူ လက်ဆန့်ကာ ရုန်းရင်ဆန်ခတ်ဖြစ်နေသောဖန်များအား သူအဆင်ပြေကြောင်း လက်ယမ်းပြသည်။  

ဖန်များ အနည်းငယ် ငြိမ်သက်သွားကြပြီး ဝန်ထမ်းများသည်လည်း နဂိုလုပ်စရာရှိသည်များ ပြန်လည်လုပ်ဆောင်လိုက်ကြသည်။ Program group မှ MC များ၊ ဒါရိုက်တာနှင့် ရောက်နှင့်ပြီးကြသည့် အခြားဧည့်သည်များသည်လည်း ရုန်းရင်းဆန်ခတ်ဆူညံသံများ ကြားလိုက်ကြပြီးနောက် ရောက်ရှိလာကြသည်။ ထို့နောက် မြေပြင်ပေါ်ရှိ ပုလင်းအား လူတိုင်းကြည့်လိုက်ကြသည်။ 

‘ဂီတရူး' ဇာတ်ကား၏ ဒုတိယအမျိုးသား သရုပ်ဆောင် ဝမ်ဟောက်ယွီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါ ဘာကြီးလဲ? အနံကဆိုးလိုက်တာ”

‘ဂီတရူး’ ဇာတ်ကား၏ ဒုတိယအမျိုးသမီး သရုပ်ဆောင် ဖန်းကျစ်ယာသည်လည်း မျက်မှောင်ကြုတ်ကာ သူမ၏လက်ဖြင့် နှာခေါင်းကို ပိတ်လိုက်ပြီး “တကယ်ကြီး နံလိုက်တာ။ ပြောရင်းနဲ့ ပိုလို့တောင် နံလာပြီ…….အာ”

ဒါရိုက်တာသည် လူတိုင်းအား လူချဲရန်နှင့် အမည်မသိအရည်ရှိရာအနီးအနားသို့ မသွားဖို့ရာပြောပြီး ထို့နောက် ဖုန်းထုတ်ကာ ရဲခေါ်လိုက်သည်။ 

MC များထဲမှတစ်ယောက်ဖြစ်သော ပေ့ချန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ “ဒီနေ့ခေတ် black fan တွေကတော့ ပိုပိုပြီး လွန်ကျူးလာတာပဲ။ ဒီနေ့ရိုက်ကူးရေးကတော့ နောက်ကျပါပြီကွာ။ ဒါနဲ့စကားမစပ် ကျယ်ယန်၊ မင်း အဆင်ပြေရဲ့လား?”

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now