1.2

5.2K 308 0
                                    

"ရတာပေါ့ ရတာပေါ့ အိမ်ပြန်မလို့လား ပြန်ပို့ပေးမယ်လေ ဟို ကို့ကို လေ CEO လို့ မခေါ်ပါနဲ့လား ....ကိုကို လို့ဘဲခေါ်လေ"

"ဗျာ ....မသင့်တော်ပါဘူး CEO"
"အဲ့ဆို ကိုကို လို့မခေါ်ချင်ရင်တောင် အကိုလို့တော့ခေါ်လေ အသက်က သိပ်မှ မကွာတာ နော် "
အာဏာလည်း puppy eye လေးနဲ့တောင်းဆိုတော့ ညအလွမ်းလည်းမတတ်နိုင်တော့ဘူး လေ
"ဟု အကို"
'အား......အမလေး ချစ်စရာလေးဟ puppy eye လေးနဲ့ ချွဲနေပုံက ခွေးပေါက်လိုဘဲ'
(အမလေး ဟိုက ခွေးပေါက်မဟုဘူး ကျားကြီး )
'host ရယ် ဖြစ်ပျက်နေတာ သွားလည်းစိပါအုံး သွားအအေးပတ်နေမယ်😏😏'
"ဟို  ကျနော်ပြန်တော့မယ်နော်"
"ကို အိမ်ပြန်ပို့‌ ပေးမယ်လေ"
"ရပါတယ် အကို ကျနော် မမဆီလည်းဝင်အုံးမလို့"
"အော်...ဒါနဲ့ လွမ်းဧကရီနဲ့ လွမ်းလေး က ဘာတော်တာလဲ"
"မောင်နှမ ပါဗျ ဒါဆို ကျနော်ပြန်လိုက်ပါအုံးမယ်ဗျ"
ညအလွမ်းလည်း ရုံးခန်းကထွက်လာပြီး သူ့အမ ဆီကို သွားလိုက်တယ်
သူ့အမ အလုပ်ခုံက ဇာတ်လိုက်ရဲ့အခန်းရှေ့မှာပေါ့
သူလည်းသူ့အမကို
"အမ ဒီညနေအိမ် လာလည်ပါလား"
"မလာချင်ပါဘူး ဘာလို့လာရမှာလဲ ချမ်းသာတဲ့အိမ်မှာမနေဘဲ ဘာမဟုတဲ့အ‌မေ့ရဲ့မာနကြောင့် ငါတို့မောင်နှမအခုလို သူများဆီမှာ အလုပ်တွေလုပ်နေရတာ အမေနဲ့မျက်နှာချင်းမဆိုင်ချင်ဘူး နင်လည်း ငါ့အိမ်ကိုလာပြီး အိမ်အလုပ်တွေလာလုပ်ပေးအုံး"
"အမ ဒီညနေ အိမ်ကိုလာမလည်ရင်တသက်လုံး အမဆီမလာတော့ဘူး အိမ်အလုပ်တွေလဲ မလုပ်ပေးတော့ဘူး လာခဲ့နော်🙄🙄"

"ဟာ မောင်လေးကလည်း ပြီးရော လာခဲ့မယ် အိမ်အလုပ်တွေတော့လာလုပ်ပေးအုံးနော်"

"ဟုကဲ့ပါ မမကလည်း ကျ‌နော်ပြန်လိုက်အုံးမယ် "
"အေပါ အမေကို ဂရုစိုက်လိုက်အုံး"

လွမ်းဧကရီလည်း အိမ်ကိုမပြန်ဖြစ်တာ 2နှစ်တောင်ရှိပြီဘဲ သူမ အသက် 20အရွယ် မောင်လေးက 15နှစ် မှာ အမေနဲ့အဖေကွာရှင်းလိုက်ကြတယ် အမေက သူမတို့‌‌ မောင်နှမကိုခေါ်ပြီး အဲ့အိမ်က ထွက်လာလိုက်တာ အခုဆို 5နှစ်တောင်ရှိပြီဘဲ

ဘာလို့အိမ်ကိုမပြန်ချင်တာလဲဆိုတော့ သူမ အသက် 23 ရောက်တော့ အဖေက ပြန်လာခေါ်တယ် မှားခဲ့သမျှ ပြန်တောင်းပန်တယ် အမေက ခွင့်မလွှတ်ခဲ့ဘူး အဖေ အမေ့ကို ကွာရှင်းခွင့်ပြုတာကလည်း အဲ့အချိန်တုန်းက အဖေတို့ လုပ်ငန်းက ဒေဝါလီ ခံရခါနီးမို့ အမေကို ဆွဲမထည့်ချင်လို့တဲ့လေ အမေက အဖေ့ကို မိန်းမရှုပ်တယ်လို့ စွပ်စွဲတော့ အဖေက မဟုပါဘူးလို့ ရှင်းပြလည်း လက်မခံဘူး အဖေကတော့ အခုချိန်ထိအမေကို တောင်းပန်နေတုန်းဘဲ

system 810 (Complete)Where stories live. Discover now