<Unicode>
ကယ်လိုရာလည်း မေ့လဲနေတဲ့ လူးစ် မျက်နှာကို ရေနဲ့ သန့်စင်ပေးလိုက်မှ အရင်က လူးစ်မျက်နှာကိုပြန်မြင်ရတော့သည်။ အစွယ်ကိုလည်း ဖြုတ်ကြည့်မှ သွားတုတပ်ထားမှန်းသိတော့သည်။လူးစ်နိုးလာမှ ဘလိုဖြစ်တာလဲ ဝိုင်းမေးကြတော့
" ပျင်းလို့ မနေ့ညက လျှောက်လိမ်းထားတာ"
ဟုသာညာဖြေလိုက်ရတော့သည်။
မနေ့ညက
လူးစ်အပေါ်ထပ်တက်ပြီး အိပ်ခါနီး ချစ်ရိပ်က ကယ်လိုရာကို လေပေါ်ကနေ fly kiss တွေ ပေးနေတာကြောင့် မျက်စိနောက်ပြီး
' ချစ်ရိပ် ငြိမ်ငြိမ်နေစမ်း မျက်စိနောက်တယ် ငါ့ကိုကိုနဲ့ အခုထိမတွေ့ရသေးပါဘူးဆိုနေမှ"
' host ဘာသာမတွေ့ရတာလေ ကျနော်နဲ့ဆိုင်လား ခနနေ လူဖန်ဆင်းပြီး တွေ့ရတော့မှ
ပူတူးလေးကို ဆွဲနမ်းပြစ်မယ် အဟိ''ချစ်ရိပ် တအားယွမနေနဲ့'
'host ကလဲ'
'ငါမလဲဘူး အိပ်နေတာ ချစ်ရိပ် ခနနေ ဟိုသုံးယောက် နိုးလာရင် surprise ဖြစ်သွားအောင် ငါ့ရုပ်ကိုလေကွာ ကမ္ဘာပေါ်မှာ ချောမောခန့်ညားလှပနေအောင်.... တွေ့လိုက်တာနဲ့ တသက်လုံးအမှတ်ရနေမယ့် ရုပ်ဖြစ်အောင် လုပ်ထားပေး ငါဆက်အိပ်လိုက်အုံးမယ်'
'တသက်လုံး အမှတ်ရနေစေရမယ် စိတ်ချလက်ချအိပ်နော်'
လူးစ်ပြန်တွေးကြည့်မှ သူမှားတာ ချစ်ရိပ်လို ပေါက်ကရကောင်ကိုမှ သွားခိုင်းမိတာ တသက်လုံးအမှတ်ရနေအောင်တော့ လုပ်ပေးလိုက်ပါတယ် သရဲအဖြစ်ခံရအောင် တော်လိုက်တဲ့ ချစ်ရျပ် ဆရာအဖြစ်တင်ထားဖို့ကောင်းတယ်...
လူးစ်တို့ လေးယောက်လည်း အစာခြောက်တွေကို ဆိုင်တွေမှာ လိုက်ယူပြီး ကျောပိုးအိတ်ထဲ ပြန်ဖြည့်ထားလိုက်ကြသည်။
ကားစီးနေတဲ့တလျှောက်လုံးလည်း မနက်ကအဖြစ်အပျက်ကို ပြန်ပြောပြီး ဟာသကြားရသလို ရီနေကြသည် မနက်ကအဖြစ်နဲ့များတခြားစီ....
သူတို့ရဲ့ခရီးက ပျော်ပွဲစားခရီးထွက်နေသလား အောက်မေ့ရတယ်...
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023