10.3

2.7K 178 12
                                    

<Unicode>
ကောင်းစက်ရှိန်မနက်နိုးလာပြီး အရင်ဆုံး သူ့ဘေးကိုစမ်းကြည့်လိုက်သည်။အေးစက်နေတာကြောင့် မျက်လုံးအမြန်ဖွင့်ပြီး ကြည့်လိုက်တော့ သူ့ကိုကို ကိုမတွေ့ရတာကြောင့် စိတ်ကပူထူသွားသည်။

"ကိုကို!!! ကိုကို ဘယ်မှာလဲ"

ရေချိုးခန်းထဲဝင်ကြည့်တော့ သွားတိုက်တံပေါ်သွားတိုက်ဆေးတွေညစ်ထားပြီး သွားတိုက်ဖို့အဆင့်သင်ပြင်ထားပေးတာ‌ တွေ့လိုက်ရသည်။ဒါပေမဲ့ သူ့ကိုကိုကိုမတွေ့ရတာကြောင့် အပြင်ထွက်ရှာဖို့ပြင်တော့ စားပွဲပေါ်မှာ စာရွက်တရွက်ကိုခွက်နဲ့ဖိပြီးတင်ထားတာတွေ့လိုက်ရသည်။

သူလည်းစာရွက်ကိုအမြန်ဖွင့်ဖတ်ကြည့်တော့

"Baby အိပ်ပျော်နေတာတွေ့လို့ကိုကိုမနှိုးမိတာစိတ်မဆိုးနဲ့‌နော် ကိုကို အရေးကြီးတာလုပ်စရာရှိလို့အိမ်ကိုပြန်ပြီနော် ခနနေ မင်းစိုးစံပြန်လာပြီး ကိုတို့ကိုတွဲတွေ့ရင်လည်း တမျိုးထင်မှာစိုးလို့ပါ ကိုကို baby အတွက်သွားတိုက်ဖို့နဲ့ စားဖို့ဆန်ပြုတ်ချက်ပြီးပြင်ဆင်ပေးခဲ့တယ် ချစ်တယ်နော် baby"

ကောင်းစက်ရှိန်လည်း စာကိုဖတ်ကြည့်ပြီးမှ သွားတိုက်ကာ ဆန်ပြုတ်ထိုင်‌သောက်လိုက်သည်။သူ့ကိုကိုချက်ပေးထားလို့လားမသိဘူး စားကောင်းလွန်းလို့ ဆန်ပြုတ်အကုန်ကုန်သွားသည်။

ကောင်းစက်ရှိန်လည်း စားပြီးတော့ ဧည့်ခန်းမှာ TV ထိုင်ကြည့်နေလိုက်သည်။ကြည့်နေရင်းမှ တခုခုကိုသတိရလိုက်တာကြောင့်

'ချစ်ရိပ်'

'ဗျာ '

'ငါမရှင်းတာတခုရှိတယ် မေးချင်လို့'

'မေးလေ'

'ငါ့ကိုကိုက ဘယ်တယောက်လဲ မင်းစိုးစံရုပ်ကိုရင်းနှီးတဲ့အ‌ငွေ့အသက်ရပေမဲ့ နှလုံးသားက မရင်းနှီးဘူး  မိုးသောက်ဦးကြ‌ တော့ ရုပ်ကိုရင်းနှီးတဲ့အ‌ငွေ့အသက်မရဘူး ဒါပေမဲ့ နှလုံးသားကတော့ရင်းနှီးတဲ့အငွေ့အသက်ရတယ် ဘလိုဖြစ်တာလဲ'

'သိချင်လား'

'သိချင်တယ် ပြောပြ'

'ဖေဖော်ဝါရီ  ၃၀ ရက်နေ့ကြရင်ပြောပြမယ်'

system 810 (Complete)Место, где живут истории. Откройте их для себя