1.5

4.8K 260 2
                                    

တူ..တူ တူ..
"ဟလို ဝန  တိုးမောင်ဆိုတဲ့လူကို ရှင်းလိုက် ဘာအစအနမှမကျန်စေနဲ့"
"Yes boss"

အာဏာလည်း ဝန ကို ဖုန်းဆက်ပြီးအိမ်ပြန်လာလိုက်တယ်

တကယ်တော့ အာဏာက ကုမ္ပဏီ CEO အပြင် အမှောင်လောကမှာလည်း နာမည်ကြီးတယ် သူ့ကိုလာယှဉ်ရဲ တဲ့ လူဆိုတာရှားတယ် လာယှဉ်ရင်လည်း နောက်နေ့ နေထွက်တာ မမြင်စေရဘူး အာမခံတယ်

အာဏာလည်းအိမ်ပြန်ရေမိုးချိုးပြီး ဆံပင်စိုတွေကို တပတ်နဲ့ သုပ်နေလိုက်တယ် အဲ့အချိန်မှာ
တူ...
တူ တူ တူ
"ဟဲလို"
"ဟဲလို အကိုလား"
"လွမ်းလေးလား"
"ဟု အကို ညနေကဘယ်ချိန်ပြန်သွားတာလဲ "
"အော် ညနေကလား လွမ်းလေးတို့မိသားစု ဖက်နေတဲ့အချိန် ပြန်သွားတာ လွမ်းလေးတို့မိသားစုကို အနှောက်အယှက်မပေးချင်တော့လို့ မပြောဘဲနဲ့ပြန်လာလိုက်တာ လွမ်းလေးတို့ရော အဆင်ပြေပြီးလား"
"ဟု ပြေပါပြီး  လွမ်းလေးကို ကူညီပေးလို့ကျေးဇူးတင်ပါတယ်ဗျ ဆေးတောင်မလိမ်းပေးလိုက်ရဘူး sorry "
"ရပါတယ်ဗျာ တောင်းပန်ချင်ရင်မနက်ဖြန် မနက်စာလိုက်စားပေးလေ "
"ဗျာ "
"အော် ဟိုဟာလေ အကို ပြောချင်တာက အကိုက တယောက်တည်းနေတာလေ မနက်စာ စား ရင်အဖော်မရှိဘူးလေ အဲ့ကြောင့်ပါ  တခါတလေ အဖော်နဲ့ စားချင်လို့ပါ "
(အိမ်က ဝမ်းကွဲအကို --ငါက ကိုယ်ပျောက်လူသားပါ)

"ဟုရပါတယ် ဘယ်ကို လာရမလဲ"
"အကိုလာခေါ်မယ်လေ တခါတည်း ရုံးတန်းသွားရအောင်လို့ အဝတ်အစားပါ လဲခဲ့နော်"
"ဟု အကို ဒါဘဲနော်"

အာဏာလဲ ဖုန်းချပြီး contact မှာ baby လို့မှတ်လိုက်ပြီး အာဘွားတချက်ပေးလိုက်တယ် ဘာတွေလုပ်မိနေလဲ ကိုယ့်ကိုတောင်မသိတော့ဘူး

Baby နဲ့တွေ့မှ အချိန်ပြည့်ပြုံးနေမိတယ်

အာဏာလည်း ညစာစားပြီး မနက်ဖြန်အတွက် ရင်ခုန်နေမိတယ်

'host get up အမြန်ထ နောက်ကျတော့မယ်!!'
'ဟာ အိပ်ပါရစေအုံး စောသေးတယ်မလား '

ညအလွမ်းမနေ့ညက အာဏာနဲ့ဖုန်းပြောပြီး  ဂိမ်းထိုင်ဆော့နေတာ ည ၁၁:၃၀မှ အိပ်လို့အိပ်ရေးမဝသေးဘူး
အာဏာရဲ့ ဖုန်းနံပတ် ဘယ်က ရလဲ လာမမေးနဲ့ ချစ်ရိပ်ဆီကမေးထားတာ

system 810 (Complete)Место, где живут истории. Откройте их для себя