<Unicode>
ရှောင်လင်းမေ ကြောက်လွန်းလို့ ဖျားပါဖျားနေတော့သည်။ ပါးစပ်ကနေလည်း ကြောက်တယ် ကြောက်တယ် ဆိုပြီးကယောင်ကတန်းအော်နေတော့သည်။နှစ်ရက်ကြာပြီးနောက်
'host လင်ကို မကယ်တော့ဘူးလား'
'ကယ်မှာပေါ့နင်ကလည်း သူက သေတော့မှာမှ မဟုတာ ဆေးလေးမိနေတာကို အေးဆေးပေါ့'
'အေးဆေးမနေနဲ့ ဇာတ်လိုက်မက host လင်ကို ဆေးများများတိုက်ဖို့လုပ်နေတယ် အခုဖြေဆေးမတိုက်ရင် သူက တသက်လုံး
ရှောင်လင်းမေကိုဘဲ စွဲလမ်းနေတော့မှာနော်''ဘာ အစောကတည်းကပြောပါလား '
လင်အာလည်း မီးဖိုချောင်ဆီအမြန်သွားပြီး လိုအပ်တဲ့ဆေးပင်ယူကာ ကျိုလိုက်သည်။ဆေးရလာတော့ ရှောင်လင်းမေရဲ့အစေခံတယောက်ကိုခေါ်ပြီး မင်းကြီးဆီဆက်သခိုင်းလိုက်သည်။
ရှောင်လင်းမေရဲ့အစေခံလည်း လင်အာ ကိုကြောက်တာကြောင့် မင်းကြီးဆီဆေးကိုသေသေချာချာဆက်သလိုက်သည်။
မင်းကြီးဆေးသောက်ပြီးတော့ ခေါင်းတွေမူးလာကာ အော်ဟစ်နေတော့သည်။
"သမားတော်အမြန်ခေါ်ကြ"
မင်းကြီးဘေးမှာခစားနေတဲ့ ကုန်းကုန်းအော်လိုက်တော့ အစေခံတွေကလည်း သမားတော်အမြန်ပြေးခေါ်ကြသည်။
"ဒီဆေး ဆက်သတဲ့လူကို ဖမ်းထား ရာရာစစ မင်းကြီးကိုများဆေးခတ်ရဲရတယ်လို့ အတင်းရဲလိုက်တာ"
ရဲမက်တွေလည်း ကုန်းကုန်းအမိန့်ကြောင့် ရှောင်လင်းမေရဲ့အစေခံကို ဖမ်းထားလိုက်ကြသည်။
သမားတော် စစ်ဆေးပြီး
" မင်းကြီးက ဘာမှမဖြစ်ပါဘူး"
"သေချာလို့လားသမားတော် ခုနက ဒီဆေးသောက်ပြီး မင်းကြီးက အော်ဟစ်နေတာ ခနကြာတော့ အိပ်ပျော်သွားတာဘဲ ဘာဖြစ်တာလဲ "သမားတော်လည်း ဆေးခွက်ကို ယူကြည့်လိုက်ပြီး အနံ့ရှုကြည့်လိုက်သည်။
"ဒီဆေးက စွဲလမ်းစေတဲ့ဆေးကို ပယ်ဖျက်ပေးတဲ့ဆေးပါ ကုန်းကုန်းပြောတာကြည့်ရရင် မင်းကြီးကို တယောက်ယောက်က စွဲလမ်းစေတဲ့ဆေးတိုက်ထားတာကို ဖြေဆေးပြန်တိုက်လိုက်လို့ဖြစ်ရတာပါ"
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023