10.7

2.5K 163 4
                                    

<Unicode>
ဆရာဝန်လည်း နမ်းနေတာဆက်မကြည့်နိုင်တော့တာကြောင့် အခန်းထဲကနေ ထွက်သွားလိုက်သည်။‌ကောင်းစက်ရှိန်လည်း အသက်ရှုကျပ်လာတာကြောင့် မိုးသောက်ဦးရင်ဘက်ကို လက်နဲ့ပုတ်လိုက်တော့မှ လွှတ်ပေးလာသည်။ ကောင်းစက်ရှိန်ရဲ့ပါးစပ်ထောင့်ကနေစီးကျ‌နေတဲ့သရေတွေကို မိုးသောက်ဦးက လက်မနဲ့သုတ်ပေးလိုက်သည်။

"ကိုကို ခေါင်းကဘာဖြစ်တာလဲ "

"ဟီး နံရံနဲ့တိုက်မိတာ"

"အရမ်းနာနေလား"

"နာတယ် ဒါပေမဲ့ baby အာဘွားပေးရင်တော့မနာလောက်တော့ဘူး"

"အာဘွား အာဘွား အမြန်ပျောက်စေ"

ကောင်းစက်ရှိန်လည်း မိုးသောက်ဦးရဲ့ ပတ်တီးစည်းထားတဲ့ ခေါင်းကဒဏ်ရာကို နှုတ်ခမ်းနဲ့ဖိကပ်ပြီး အာဘွားပေးနေသည်။

'host ရယ်စောက်ပိုတွေတအားလုပ်တာဘဲ အမြန်ပျောက်စေဆိုတာ အသက်ကိုပြောတာလား'

'ဒါတွေက fa တွေနားမလည်ဘူး မသိရင်မသိသလိုနေ😊😊'

'😤😤😤😤'

"Baby အိမ်ပြန်ရအောင်နော်"

"ဟု"

ကောင်းစက်ရှိန်နဲ့မိုးသောက်ဦးလည်း အိမ်ကိုပြန်လာကြသည်။အိမ်ရောက်တော့ ဒေါ်မိုးသီတာက နေ့လည်စာ ချက်နေသည်။ဦးသိန်းဦးတော့အလုပ်သွားပြီထင်တယ်အိမ်မှာမရှိ....

ကောင်းစက်ရှိန်တို့လည်း နေ့လည်စာစားနေတဲ့အချိန်

"မေမေနဲ့ ကိုကို ကျနော် အိမ်ကိုခနပြန်ချင်လို့"

"ရပါတယ်ပြန်လေ ဒါပေမဲ့မြန်မြန်တော့ပြန်လာနော် ညနေစာစားဖို့စောင့်နေမယ်နော် သား"

"ဟု မေမေ"

"Baby က အိမ်ကိုဘာသွားလုပ်မလို့လဲ🥺🥺"

" ရှင်းစရာရှိတဲ့ကိစ္စတွေအမြန်ရှင်းပြီး ကိုကိုနဲ့လက်‌ထပ်တော့မယ်လို့အမေတို့ကိုသွားပြောချင်လို့လေ"

"ကိုကိုလည်း လိုက်ခဲ့ချင်တယ် ရလားဟင်"

"တကယ်လိုက်ချင်လို့လား"

"အင်း"

"အဲ့ဆိုလည်း လိုက်ခဲ့လေ အမေတို့နဲ့တခါထဲမိတ်ဆက်ပေးမယ်"

system 810 (Complete)Where stories live. Discover now