7.8

3K 174 1
                                    

<Unicode>
"ဒိုင်း..ဒိုင်း..ဒိုင်း..."

ဂျယ်ယောင်းတို့နှစ်ယောက်အပြင် လူတွေအကုန်လုံးက သေနတ်သံကြားလိုက်ရတာကြောင့် သေနတ်ပစ်တဲ့လူကိုကြည့်လိုက်တော့ဟီးယူရဲ့လက်မှာ သေနတ် ကိုင်ထားတာတွေ့လိုက်ရသည်။

ဟီးယူရဲ့ရှေ့မှာတော့ ခြေထောက်နှစ်ဖက်နဲ့ညာလက်မောင်းမှာ သွေးတွေနဲ့လဲကျနေတဲ့ ချွဲဂျီရာကိုတွေ့လိုက်ရသည်။

ချွဲဂျီရာရဲ့ ရှေ့မှာလည်း သေနတ်တစ်လက်ရှိနေသည်။လူတွေအကုန်လုံး အံဩနေကြတဲ့အချိန်

"ချွဲဂျီရာ မင်းဘာလို့ ယောင်းလေးကို သေနတ်နဲ့ပစ်ဖို့ကြံရတာလဲ"

ဟီးယူ ပြောလိုက်တော့ လူတွေလည်း ချွဲဂျီရာကို ဝိုင်းကြည့်နေကြသည်။

"ဘာလို့လဲ ဟုလား ဟား...ဟား... မုန်းလို့လေ မုန်းလို့ သူ့ကြောင့် ထယ်ဟွန်းက ငါ့ကိုပြန်မကြိုက်တာလေ သူသာသေသွားရင် ထယ်ဟွန်းက ငါ့ကိုဘဲပြန်ကြိုက်မှာ ဟုတယ် ဂျယ်ယောင်း မင်းသေရမယ် ထယ်ဟွန်းနဲ့ငါနဲ့ ပေါင်းဖက်ရဖို့ မင်းကသေကိုသေရမယ်"

"ဒိုင်း..."

ချွဲဂျီရာလည်း ပြောပြီးတာနဲ့ ဘယ်လက်နဲ့
သေနတ်ကိုကောက်ကိုင်ပြီး ဂျယ်ယောင်းကိုလှမ်းပစ်လိုက်သည်။

ဟီးယူလည်း ရုတ်တရက်မို့ မတားလိုက်နိုင်ဘူး ထယ်ဟွန်းလည်း ဂျယ်ယောင်းကိုလှမ်းပစ်လိုက်တာကြောင့် ဂျယ်ယောင်းကိုယ်ကိုဖက်ပြီး ကျည်ဆန် ကို သူ့ခန္ဓာကိုယ်နဲ့ ဝင်ကာလိုက်သည်။

ဂျယ်ယောင်းရုတ်တရက်သူ့ကိုလာဖက်တဲ့ ထယ်ဟွန်းကြောင့်ကြောင်ရပ်နေမိသည်။
ထယ်ဟွန်းရဲ့ခန္ဓာကိုယ် လဲကျလာတဲ့အချိန်မှ အသိပြန်ဝင်လာပြီ ထယ်ဟွန်းကိုယ်ကိုလှမ်းပွေ့လိုက်သည်။

'ချစ်ရိပ် သူ့အသက်အန္တရာယ် မစိုးရိမ်ရအောင်လုပ်ပေး'

'point 100 ပါ'

'ဖြတ်လိုက်'

'point 100ဖြတ်ပြီးပါပြီ လက်ကျန် point 6100 ပါ အသက်အန္တရာယ်မရှိအောင် လုပ်ပေးပြီးပါပြီ'

'ကျေးဇူးဘဲ'

ဂျယ်ယောင်းလည်း အစောင့်တွေကို အကူအညီတောင်းပြီး ထယ်ဟွန်းကိုဆေးရုံပို့လိုက်သည်။မပို့ခင်လည်း

system 810 (Complete)Where stories live. Discover now