10.1 ကောင်းစက်ရှိန်

2.9K 156 14
                                    

<Unicode>
လရိပ် ဒီကမ္ဘာရောက်တော့ကြမ်းပြင်မှာဒူး‌‌ ထောက်နေသည်။ရှေ့ကိုကြည့်လိုက်တော့ သူ့ကိုကို နဲ့ ကောင်မလေးတယောက်က ရပ်နေသည်။ဘာလို့ သူ့ကိုကိုလို့သိလဲဆိုတော့ ရုပ်ကရင်းနှီးနေပြီး သူ့ကိုကိုရဲ့ အငွေ့အသက်တွေခံစားရသည်။ဒါပေမဲ့ နှလုံးသားကတော့ တခုခုလိုနေသေးသလိုဘဲ....

(လရိပ်ကို ကောင်းစက်ရှိန် လို့ဘဲသုံးတော့မယ်နော်)

ကောင်းစက်ရှိန်လည်း ဒူးထောက်ပြီးကြည့်နေတုန်း မင်းစိုးစံက မိုးပွင့်ကြယ်စင်ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို တရှိုက်မက်မက် စုပ်နမ်းလိုက်သည်။

ကောင်းစက်ရှိန်ရဲ့ ပါးပြင်ပေါ်ကိုလည်း မျက်ရည်တွေက အလိုလိုစီးဆင်းလာသည်။

'ချစ်ရိပ် အချစ်ဆိုတာမျိုးက ပြောင်းလဲတတ်တယ်လား ငါ ..ငါထင်ခဲ့တာ ကိုကိုက ငါ့ကိုဘဲအမြဲတမ်းချစ်နေမယ်လို့ ထင်ခဲ့မိတာ
အဟက် ငါအရူးဘဲ'

'အဲ့တာ host ကိုကိုဆိုတာသေချာရဲ့လား host မငိုပါနဲ့ဗျာ'

'ငါ့.. ငါ့နှလုံးသား အရမ်းနာတယ် အသက်ရှုဖို့တောင်မှ ခက်ခဲလာပြီ ငါအရမ်းနာကျင်ရတယ် ငါမဟုတဲ့ တခြားလူကို ကိုကိုက နမ်းနေတာ ငါဆက်မကြည့်နိုင်တော့ဘူး'

'host ရယ်'

ကောင်းစက်ရှိန်လည်း သူ့ကိုကိုနဲ့ မိုးပွင့်ကြယ်စင် နမ်းနေတာကို နှလုံး‌နေရာကို လက်နဲ့စုပ်ကိုင်ထားပြီး မျက်ရည်တွေနဲ့ကြည့်နေသည်။

"ကိုကို🥺🥺"

"ကျစ်ဘာလဲကောင်းစက်ရှိန် ဒီမှာနမ်းနေတာမတွေ့ဘူးလား ဟက် ယောကျားလေးဖြစ်ပြီး မျက်ရည်တွေက ပေါလိုက်တာ မိန်းကလေးလိုဘဲ လာနူးညံ့ပြနေတယ် စောက်ကျက်သရေကိုယုတ်တယ်"

"ကိုကို ဘလိုတောင်ပြောရက်တာလဲ ဟင့်ကိုကိုပြောတော့ ဟင့် baby ကိုဘဲတသက်လုံးချစ်မယ်ဆို ဟင့် ဘာလို့ ဘာလို့ ကျနော်မဟုတဲ့တခြားလူကိုနမ်းနေတာလဲ ဟင့် ကိုကို ကျနော်ဘက်ကို တချက်မှ မကြည့်တော့ဘူးလား ကိုကို တကယ်ဘဲ ကျနော့်ကိုမချစ်တော့တာလား ဟင့် ဖြေပါအုံး ကိုကိုရယ်😭😭"

ကောင်းစက်ရှိန် လည်းမင်းစိုးစံရဲ့ ခြေထောက်ကိုဖက်ပြီး ငိုသံတွေနဲ့မေးလိုက်သည်။

system 810 (Complete)Where stories live. Discover now