အလွမ်းညလည်း အာဏာကို အိမ်ကိုခေါ်လာလိုက်တယ် အိမ်ရောက်တော့ အဖေက အမေ့ကိုဒူးထောက်ပြီး တောင်းပန်နေတယ်
"အဟမ်း အဖေ ဘာလို့ ဒူးထောက်နေတာလဲ"
"သားရေ အဖေကို ကူပြောပေးပါအုံး ဒီမှာ မင်းအမေက အဖေ့ကိုခွင့်မလွှတ်သေးဘူးတဲ့"
မထွက်တဲ့မျက်ရည်တွေနဲ့ ငိုပြနေသော အဖေပါလေ"တော်တော့ ထစမ်းပါ ရှင်မရှက်ဘူးလား ဟိုမှာ ဧည့်သည်လည်းပါတာကို "
"ဟုကဲ့ပါ မိန်းမသဘော"
"ရှင်နော် ဘာမိန်းမလဲ အရင်က လာမချော့ဘဲနဲ့ အခုမှ ဟင်း..ဟင်း..."
ညအလွမ်းရဲ့ အမေလည်း အံကြိတ်သံနဲ့ အဖေ့ရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲရင်းပြောလိုက်တယ်
"ဟိုဒီက သားက ဘယ်သူလဲ သားလွမ်း အမေတို့ကိုမိတ်ဆက်ပေးအုံးလေ"
"သူက သား CEO ပါ နာမည်က အာဏာ AN ကုမ္ပဏီရဲ့ ဥက္ကဌပါ ခုနက သားကို ကူညီထားတာ"
ညအလွမ်းလည်း ညနေက ကိစ္စတွေအကုန်ပြောပြလိုက်တယ်"သားလွမ်း ဘာဖြစ်သွားသေးလဲ မသေကောင်းမပျောက်ကောင်းသားရယ် ဟို သားအာဏာ ကိုလည်းကျေးဇူးတင်ပါတယ် "
"ရပါတယ် အန်တီ ကျေးဇူးတင်စရာမလိုပါဘူးဗျ "
(ကျနော့် baby ဘဲ ကာကွယ်ရမှာပေါ့)
ဒါကိုတော့ အာဏာ စိတ်ထဲကဘဲ ပြောလိုက်မိတယ်ညအလွမ်း အဖေ့ကိုကြည့်လိုက်တော့ တခုခု ကို တွေးနေတယ်
"အဖေ ဘာဖြစ်လို့လဲ "
"အဖေ စဉ်းစားနေတာ သားကို ဓါးနဲ့ထိုးဖို့လုပ်တာ ဘယ်သူလဲ ဆိုတာကို"
"ဟို သူပြောတာတော့ အဖေ့ကြောင့် သူ့အမက သေရတာလို့ပြောတာဘဲ "
"အား ငါသိပြီ မိန်းမ လွန်ခဲ့တဲ့ 5နှစ်က မိန်းကလေးတယောက် ကိုယ်ဝန်နဲ့ ကိုယ့်ကို လာစွပ်စွဲ သေးတယ်လေ ကိုယ့်ကလေးဆိုပြီးတော့လေမှတ်မိလား"
"မှတ်မိတယ်လေ ရှင်က ရှင့်ကြောင့်ရတာမဟုလို့တာဝန်မယူဘူး ဆိုပြီးဇွတ်ငြင်းနေတာလေ အဲ့ကြောင့်ကျမက ရှင်ကတာဝန်မသိတတ်တဲ့လူ စားပြီးနားမလည်တဲ့လူစားမျိုးထင်ပြီး ကွာရှင်းခဲ့တာလေ ပြီးတော့ ကောင်မလေးကိုသနားလို့ သူက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရှင်တာဝန်ကျေပါစေ ဆိုပြီး ရှင် တောင်းပန်တာကို လက်မခံတာလေ သူက ဘာလို့သေသွားရတာလဲ"
أنت تقرأ
system 810 (Complete)
عاطفيةSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023