4 end

4.9K 216 38
                                    

<Unicode>
လရိပ် နေမင်းရှိန်အိမ်မှာနေတာ ဒီနေ့နဲ့ဆို တလပြည့်ပြီ။နောက်နေ့ နေမင်းရှိန်အလုပ်သွားတော့

"Baby ကိုကို ဒီညနောက်ကျလောက်တယ် အရင်အိပ်နှင့်နော် မစောင့်နဲ့တော့"

"အရေးကြီးလုပ်စရာရှိလို့လား"

"ဟုတယ် မိတ်ဆွေတချို့နဲ့တွေ့ရမှာမို့လို့ပါ ကိုကို သွားပြီနော် မွ"

နေမင်းရှိန်လည်း လရိပ်ကိုပြောပြီး နဖူးကိုတချက်နမ်းလိုက်ပြီး တာတာ ပြကာ အလုပ်သွားတော့သည်။

လရိပ်လည်း အိမ်သန့်ရှင်းရေးတွေလုပ် သူ့ကိုကိုအဝတ်တွေလျှော်ပြီး နေ့လည်စာချက်ပြီး ခနနားနေလိုက်သည်။

လုပ်စရာလည်းမရှိတာကြောင့်ပျင်းနေသည်။ထို့ကြောင့် စီးပွားရေးတခုကိုလုပ်ဖို့ ဈေးကွက်တွေစုံစမ်းလိုက်သည်။

ညရောက်တော့ သူ့ကိုကိုက ၁၂ နာရီလောက်မှ ပြန်ရောက်လာသည်။

လရိပ်လည်းအိပ်ချင်ယောင်ဆောင်နေလိုက်သည်။တကယ်တော့ သူ့ကိုကို ကိုစောင့်နေတာကြောင့်တရေးမှ မအိပ်ရသေးပေ။

နေမင်းရှိန် လည်း သူ့ baby နဖူးကိုတချက်နမ်းလိုက်ပြီး ရေချိုးခန်းဝင်ကာ လန်းဆန်းသွားအောင်ရေချိုးလိုက်သည်။သူဒီနေ့အရမ်းပင်ပန်းနေတယ်မလား

(ဘာလို့ပင်ပန်းတာလဲဟင်🥺🥺🥺🥺🥺🥺)

ခနကြာတော့ နေမင်းရှိန်လည်းရေချိုးပြီး ညအိပ်ဝတ် လဲကာ လရိပ်ကိုဖက်ပြီး အိပ်စက်လိုက်သည်။

နောက်တနေ့ရောက်တော့လည်း သူ့ကိုကိုက ဒီညလည်းနောက်ကျလောက်တယ်ပြောပြီး ည၁၂ နာရီ မှပြန်ရောက်လာသည်။လရိပ်လည်း အမြဲညဉ့်နက်မှ ပြန်လာတဲ့သူ့ကိုကိုကြောင့်

"ကျနော့်နောက်ကွယ်မှာ မဟုတာတော့ မလုပ်ဘူးမလား ကျနော်ယုံကြည်ချင်တယ် ကိုကို"

တိုးတိုးလေးပြောကာ မျက်ရည်တွေကပါးပြင်ပေါ်မဖိတ်ခေါ်ဘဲ ကျဆင်းလာသည်။

နေမင်းရှိန်လည်း အိပ်နေတဲ့ လရိပ် ကိုယ်လုံးကိုဖက်လိုက်ပြီး လည်ပင်းကိုမျက်နှာအပ်ကာ နမ်းရှိုက်နေသည်။

system 810 (Complete)Where stories live. Discover now