10.2

2.5K 158 4
                                    

<Unicode>
"Baby!!!!!!!!"

ကောင်းစက်ရှိန်လည်း ဗိုက်ကိုဓါးဖျားဝင်သွားတဲ့အချိန် baby ဆိုတဲ့ခေါ်သံကြားလိုက်ရတာကြောင့် ကြည့်လိုက်တော့ သူ့ဆီကို ပြေးလာတဲ့ယောကျားလေးတယောက်

အသားကခပ်ညိုညိုလေး ဖြစ်နေပြီး အရပ်ကတော့ သူ့ထက် ခေါင်းတလုံးစာသာပိုသည်။ခန္ဓာကိုယ်ကလည်း နည်းနည်းဝပြီး ဗိုက်ကအဆီရွှဲနေသည်။တခါပြေးလိုက်တိုင်းဗိုက်ကအဆီတွေက ဟိုဒီယိမ်းသွားတာက ကြည့်သူတိုင်း ကြောင်အသွားစေသည်။

ထိုကောင်လေးက သူ့လက်ကဓါးကိုဆွဲလုပြီး
သူ့ကိုလာဖက်ထားသည်။ဗိုက်ကသွေးတွေနည်းနည်းထွက်နေတာကိုတောင် သတိမရအားဘဲ

"ခုနက ကျနော့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

"Baby လို့ခေါ်..ခေါ်လိုက်တာပါ ကောင်းလေးမကြိုက်ဘူးဆိုတာ ကိုကို မဟုဘူး ကျနော်သိပါတယ် ဘာလို့ ဓါးနဲ့ဗိုက်ကိုထိုးရတာလဲ ကိုရင်တွေဘယ်လောက်တောင်ပူသွားလဲသိရဲ့လား"

"............"

"အော် sorry ပါ ကျနော် စိတ်အရမ်းပူသွားလို့ ဖက်လိုက်မိတာပါ စိတ်မဆိုးပါနဲ့ ကျနော်တောင်းပန်ပါတယ် ဂရုစိုက်နော် ကျနော်ပြန်တော့မယ်"

မိုးသောက်ဦးလည်း မျက်ရည်တွေဝိုင်းပြီး လှည့်ထွက်သွားဖို့ပြင်လိုက်သည်။ကောင်းစက်ရှိန်လည်း သူ့ကိုကို မျက်ရည်တွေဝိုင်းပြီး ထွက်သွားဖို့ပြင်တော့မှ

"ဟင့် ကိုကိုက baby ဒဏ်ရာရထားတာတောင်ထားသွားဖို့ပြင်နေတာလား baby ကိုမချစ်တော့ဘူးလား"

"မဟုပါဘူး မငိုပါနဲ့ babyရယ် baby မျက်ရည်တွေမြင်နေရရင် ကို့ကိုရင်ဘက်က နာတယ် မငိုနဲ့တော့နော် ကိုကိုက ဘာလို့မချစ်ရမှာ baby မကြိုက်ဘူးထင်လို့ ထွက်သွားမလို့ပါ"

"ဟင့်အင်း baby ကိုထားမသွားပါနဲ့ ချစ်တယ်ကိုကို အသက်လောက်ချစ်တာမို့ ဘယ်‌ တော့မှ ထားမသွားပါနဲ့ ဟင့် အရမ်းချစ်တယ်"

ကောင်းစက်ရှိန်လည်း မိုးသောက်ဦး ရင်ခွင်ထဲဝင်ပြီး မျက်ရည်တွေနဲ့ပြောနေသည်။အခုမှ သူ့နှလုံးသားက ပြီးပြည့်စုံသွားသလိုခံစားရသည်။

system 810 (Complete)Where stories live. Discover now