2.7 end

4.4K 269 9
                                    

မင်းကြီးအိပ်ဆောင်ထဲတွင်

" ကိုကို တခုလောက်မေးချင်လို့"
"မေးလေ ပေါင်ပေ့"
" ကိုကိုက ဘာလို့ကျိုးတိုင်းပြည်ကို စစ်တိုက်တာလဲဟင်"

ဖုန်းလန်လည်း စားပွဲမှာထိုင်‌‌နေတဲ့ရင်းဝမ်ရဲ့ရင်ခွင်ထဲဝင်ပြီး မေးလိုက်သည်

" ဟင်း.... လွန်ခဲ့တဲ့တစ်နှစ်က ကိုယ်တို့တိုင်းပြည်ရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ ပုလဲဖြူကို ကျိုးတိုင်းပြည်က အိမ်ရှေ့စံရဲ့ကိုယ်ရံတော်က ခိုးသွားတာ ကိုယ်တို့တောင်းတော့ သူတို့နိုင်ငံနဲ့တိုက်ရမယ်တဲ့ အဲ့ကြောင့်ကိုတို့က တိုက်ရတာ ဟင်း...လူတွေအများကြီးပေးဆပ်လိုက်ရပေမယ့်ပုလဲဖြူကို‌တော့ပြန်မရခဲ့ဘူး"
" အိပ်ရအောင်"
"ပေါင်ပေ့သဘော"
ရင်းဝမ်လည်း ပေါင်ပေ့ကိုပွေ့ချီပြီးအိပ်ယာပေါ်တင်ပေးလိုက်တယ်

ညသန်းခေါင်ယံ ရောက်တော့

'ချစ်ရိပ် အိမ်ရှေ့စံကို ငါလိုချင်တဲ့ဆုက မွန်ဂိုကနေ ခိုးထားတဲ့ ပုလဲဖြူလိုချင်ကြောင်း အဲ့ပုလဲဖြူကို မွန်ဂိုမင်းကြီးဆီပြန်ပို့ဖို့ စာလွှာပို့ပေး '

' ဟု host'

At morning 🌅🌅

"ပေါင်ပေ့ ထတော့ ညီလာခံ သွားရ‌ အောင်"
ဖုန်းလန်လည်းမနိုးတဝက်နိုးတဝက်နဲ့ ရင်းဝမ်ကို ကြည့်လိုက်တော့ ဘုရင်ဝတ်စုံတောင်လဲပြီးနေပြီ

" ကိုကို ပေါင်ပေ့ကို ချီ"
ရင်းဝမ်လည်းအိပ်ချင်မူးတူးရုပ်နဲ့ လက်နှစ်ဖက်ကို ဆန့်ကာချီခိုင်းနေတဲ့ပေါင်ပေ့ကြောင်း ပါးကိုနမ်းရင်းချီလိုက်တယ်

ဖုန်းလန်ကိုကိုယ်လက်သန့်စင်ပေးပြီး ညီလာခံကိုအတူတူထွက်လာလိုက်ကြသည်

ညီလာခံ မစခင်မှာ

" ကျိုးတိုင်းပြည်ကနေ လက်ဆောင်ပို့သတဲ့လူ‌ ရောက်ရှိကြောင်းပါ"
နန်းဆောင်ရှေ့မှာရပ်နေတဲ့ မိန်းမဆိုးရဲ့အသံကျယ်က ထွက်ပေါ်လာသည်

" မင်းကြီးကိုဂါရဝပြုပါတယ်"
"ထပါ"
"ကျေးဇူးကြီးမားကြောင်းပါ မင်းကြီး......ကျနော်တို့ အိမ်ရှေ့မင်းသား ကျိုးရန် က ဖုန်းလန်သခင်လေး တောင်းဆိုတဲ့ဆုကြောင့် မွန်ဂိုရဲ့ပုလဲဖြူကို လက်ဆောင်အဖြစ်ပို့‌လိုက်ကြောင်းပါ"

system 810 (Complete)Dove le storie prendono vita. Scoprilo ora