10.6

2.5K 169 17
                                    

<Unicode>
မိုးသောက်ဦး စိတ်ညစ်လို့ bar လာပြီး အရက်ပြင်းပြင်းတွေမှာပြီးသောက်နေမိသည်။ သောက်နေရင်း သူ့ baby ပုံရိပ်တွေက မျက်လုံးထဲပြန်မြင်ယောင်လာတော့ မျက်ရည်တွေက မဖိတ်ခေါ်ဘဲ ပါးပြင်ပေါ်ပြန်စီးကျလာသည်။

"Baby က ကို့ကိုထားခဲ့တော့မယ်ထင်ပါတယ် အရင်ကအတိုင်း မသိချင်‌ယောင်ဆောင်နေရင်တောင်မှ စွန့်လွှတ်နိုင်သေးတယ် တပတ် တပတ်ဆိုတဲ့အချိန်ခနအတွင်းလေးမှာ baby နဲ့ပတ်သက်တာမှန်သမျှ ကိုလောဘကြီးမိတယ် တချိန်ချိန်မှာ ထားခဲ့ခံရမယ်မှန်းကြိုသိခဲ့ရင် မပတ်သက်မိအောင်နေမိမှာ .."

မိုးသောက်ဦးလည်း အရက်ခွက်ကိုမော့သောက်လိုက် တယောက်ထဲစကားတွေပြောလိုက်နဲ့ ကျနေတဲ့မျက်ရည်တွေကိုတောင် မသုတ်မိတော့ဘူး ဒီမျက်ရည်တွေက သူ့ baby ကြောင့်ကျတာဆိုတော့ ကျေနပ်မိပါတယ်....

အရက်ခွက်ကိုကိုင်ရင်း ခွက်ထဲကိုကြည့်မိတော့ သူ့baby ပုံရိပ်က အရက်ခွက်ထဲကနေသူ့ကို ပြုံးပြနေတယ်..

"Baby က ပြုံးနေရင်အရမ်းလှတာဘဲ ဟင့် အခုချိန်လောက်ဆို အိမ်ကနေ ထွက်သွားပြီး မင်းစိုးစံဆိုတဲ့ရုပ်ချောတဲ့ ဘဲကြီး နောက်ကိုလိုက်သွားပြီလား တွေးရင်း ရင်တွေနာလာတယ် baby ရယ်"

မိုးသောက်ဦးရဲ့ ငိုသံတွေက တဖြည်းဖြည်းကျယ်လာတာကြောင့် ဘေးမှာသောက်နေတဲ့လူတွေတောင်ဝိုင်းကြည့်လာကြသည်။သို့ပေမဲ့ မိုးသောက်ဦးကတော့ ဂရုမစိုက်နိုင်သေးပါ....

အရက်တွေတော်တော်ဝင်သွားတော့မူးလာပြီးမှ ကမန်းကတန်းထရပ်ကာ

"မဖြစ်ဘူး baby ကိုတခြားလူလက်ထဲမထည့်ပေးနိုင်ဘူး မနေချင်တော့ဘူးဆိုရင်တောင်အကျဉ်းသားတယောက်လိုချုပ်ထားမှာ ဟုတယ် ချုပ်ထားရင် ငါ့နားကထွက်သွားလို့မရမှာ အိမ်ပြန်ရမယ်"

ဆိုပြီး ဒယိမ်းဒယိုင်နဲ့ လမ်းထလျှောက်လေသည်။လမ်းလျှောက်နေရင်း တံခါးဆီမသွားဘဲ နံရံတွေဘက်သွားတော့ ဒိန်းကနဲမြည်သံနဲ့အတူ မိုးသောက်ဦးကမ္ဘာကြီး အမှောင်ကျသွားတော့သည်။

Bar ကဝန်ထမ်းတွေလည်း မိုးသောက်ဦးကို နီးစပ်ရာဆေးရုံဖြစ်တဲ့ sky hospital ကိုသွားပို့ထားပြီး ဆရာဝန်ကို မိသားစုတွေဆီဆက်သွယ်ပြီးပြောပြရန်မှာခဲ့ပြီး အလုပ်ပြန်သွားလုပ်ကြသည်။

system 810 (Complete)Where stories live. Discover now