3.10 end

4.1K 221 4
                                    

<Unicode>
2 months later

အခုဆို အစာကောင်းကောင်းမစားရတာကြောင့် မျက်တွင်းတွေချိုင့်ပြီး ပိန်နေပြီ

ဟိန်း ဘာစားစားပြန်အန်နေတာ အခုဆို တပတ်ပြည့်တော့မယ် အစက အစာမကျေလို့ထင်ပေမဲ့ ဘာစားစာပြန်အန်နေတာကြောင့်
ငြိမ်းကစိုးရိမ်ပြီး ဆေးခန်းခေါ်ပြလိုက်သည်

"ဆရာ ကျနော်ယောကျားဘာဖြစ်လည်းမသိဘူး ဘာစားစားပြန်အန်နေလို့ ဆရာစစ်ပေးပါအုံး"
ဆရာဝန်စစ်ကြည့်တော့
" လူနာက ဘာမှ မဖြစ်ပါဘူး ဘာစားစားပြန်အန်တယ်ဆိုတော့ ဒါတွေက ကိုယ်ဝန်ဆောင်လက္ခဏာတွေပါ ဟို ခများတို့နှစ်ယောက်မှာဘယ်သူက B ထိုင်တာလဲ "

" ဟို ကျနော်ပါဆရာ "
ငြိမ်းပြောလိုက်တော့ ဆရာက ငြိမ်းကိုပြန်စစ်ဆေးပြီး
" ဂုဏ်ယူပါတယ်ဗျာ ခများမှာ ကိုယ်ဝန် နှစ်လ ရှိနေပြီ ယောကျားလေး ကိုယ်ဝန်ဆောင်က ရှားတာကြောင့် သေချာလေး ဂရုစိုက်ပေးစေချင်ပါတယ်"

" Baby ဒါဆို ကို.. ကလေးအဖေ ဖြစ်တော့မှာပေါ့ ဝမ်းသာလိုက်တာ baby ရာ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်"

ဟိန်းလည်း ငြိမ်းကိုဖက်ပြီး ကလေးလိုငိုနေတော့သည်။
ငြိမ်းလည်း ဟိန်းခေါင်းကိုပုတ်ပြီး ချော့မြူရင်းဆရာဝန်ကို
" ဆရာ ဒါဆို ကိုကိုက ဘာလို့အန်နေရတာလဲဗျ"
" ဒီက ညီလေးရဲ့ ခင်ပွန်းက ညီလေးကိုချစ်လွန်းတာကြောင့် ညီလေးခံစားရမဲ့ဝေဒနာတွေကို သူက အစားခံပေးရတဲ့သဘောပါ သိပ်မကြာပါဘူး နောက် 2 လလောက်ဆို အရင်တိုင်းပြန်ဖြင့်သွားမှာပါ ဆရာဆေးညွှန်းရေးပေးလိုက်ပါမယ် ကောင်တာမှာသွားယူလိုက်နော်"
" ဟုကဲ့ဆရာ ကျေးဇူးပါဗျ သွားလိုက်ပါအုံးမယ်"

ငြိမ်းလည်း ဆေးညွှန်းယူပြီးဆရာ့ကိုနှုတ်ဆက်ကာ ကလေးကြီးကို ဖက်ပြီးကောင်တာဆီ‌ လျှောက်လာလိုက်သည်။ ကောင်တာမှာ ဆေးညွှန်းပြပြီးဆေးတွေယူကာ အိမ်ပြန်လာလိုက်သည်။

7 months later
ခွဲခန်းရှေ့တွင် ဟိန်းတယောက်ဂနာမငြိမ်ဘဲ ဟိုဘက်ဒီဘက်လျှောက်ရင်း ပါးစပ်ကလည်း
" Baby ဘာမှမဖြစ်ပါစေနဲ့ baby ဘာမှမဖြစ်ပါစေနဲ့"

ဆိုပြီးတဖွဖွရေရွတ်နေသည်။

ခွဲခန်းထဲက ငြိမ်းကတော့မေ့ဆေးအရှိန်ကြောင့်မေ့နေပြီး ဆရာဝန်တွေလည်းကျွမ်းကျင်စွာကလေးကိုခွဲမွေးနေကြသည်။
နှစ်နာရီ ကြာပြီးတဲ့နောက်မှတော့ ဆရာဝန်တွေပြန်ထွက်လာပြီး

system 810 (Complete)Where stories live. Discover now