<Unicode>
လရိပ်ဒီကမ္ဘာကိုရောက်တော့ အလွန်အဆင့်မြင့်တဲ့ king size ကုတင်ပေါ်မှာအိပ်နေသည်။"ချစ်ရိပ် ဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ"
"မနေ့က ဇာတ်လိုက်မတို့ ဟာဂျယ်ယောင်းတက်နေတဲ့ကျောင်းကိုပြောင်းလာကြပြီ ဇာတ်လိုက်ကလည်း နည်းနည်းစိတ်ဝင်စားနေပြီ မနက်ဖြန်ဆို ဇာတ်လိုက်မက လာဖွင့်ပြောမှာ"
"Aww "
လရိပ်လည်း နာရီကိုကြည့်လိုက်တော့ မနက်နှစ်နာရီဘဲရှိသေးတာကြောင့်ပြန်အိပ်နေလိုက်သည်။
(လရိပ်ကို ဟာဂျယ်ယောင်း လို့ဘဲ သုံးတော့မယ်နော်)
မနက် ၆နာရီထိုးတော့ ဟာဂျယ်ယောင်း၏အမေဖြစ်သူ ဆောင်းဆယ်ယောင်း ကလာနှိုးလေသည်။
"သားရေ ထတော့ အောက်မှာ ထယ်ဟွန်း ရောက်နေပြီ"
"ဟုအမေ အာဘွား"
လရိပ်လည်း ဂျယ်ယောင်းနှုတ်ဆက်နေကြအတိုင်း သူ့အမေမျက်နှာကို အာဘွားပေးကာ ထလာလိုက်သည်။
ရေမိုးချိုးအဝတ်အစားလဲဖို့ ဗီဒိုကို ကြည့်လိုက်တော့ အကုန်လုံးအဖြူရောင်သာ ရှိသည်။ ဘောင်းဘီးတွေကလည်း အကုန်လုံးခြေမျက်စိဖုံးတွေချည်းဘဲမို့ စိတ်ညစ်သွားသည်။
ဂျယ်ယောင်းလည်း အကျီအဖြူလက်တိုကို ဘောင်းဘီရှည်နဲ့ဘဲ တွဲဝတ်လိုက်သည်။ဝတ်ပြီးတော့ လမ်းလျှောက်ရတာအဆင်မပြေတာကြောင့် ဘောင်းဘီရှည်ကို ဒူးခေါင်းအပေါ်လောက်ကနေ ကပ်ကြေးနဲ့ညှပ်ပြစ်လိုက်သည်။
ထိုအခါ ချစ်ရိပ်ကနေ
'host အခု အဲ့လိုပုံစံနဲ့ကျောင်းသွားမလို့လား'
'အေလေ ဘာဖြစ်လို့လဲ'
'ကျောင်းသွားတာ စာသွားသင်မှာလား လင်သွားရှာမှာလား သူ့ခြေသလုံးတွေကိုကြည့်အုံး မျက်နှာအတိုင်း ဖြူအုပြီးနုဖက်နေတာဘဲ ကိုက်စားချင်စရာလေး'
'နင်ပြောမှ ငါလည်းကောင်းကောင်းကြည့်မိတယ် အဟိ အကုန်လုံးချွတ်ပြီး ကျောင်းသွားလို့ကတော့ ........'
'သေချာတယ် host အသတ်ခံရမှာ'
'ဘာလို့လဲဟ '
'ဆွဲစားရင်း အကုန်လုံးဝိုင်းပြီး လူသားစွပ်ပြုတ်လုပ်သောက်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်'
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023