8.8

2.4K 164 2
                                    

<Unicode>
ကာရုစံလည်း ခေါင်းပေါ်တည့်တည့်ဓါးနဲ့ဆင်းလာတဲ့ စဲဇုရှီ ကို ခုခံဖို့ လက်နှစ်ဖက်ကိုသုံးလိုက်တာကြောင့် နောက်ကနေလည်ဂုတ်ကိုလာတိုက်ခိုက်တဲ့ ရှီဇုကဲ ကို မခုခံလိုက်နိုင်ပေ။

ကာရုစံလည်း ရှီဇုကဲ ရဲ့ လက်ချက်ကြောင့် ဘာမှတောင်မသိလိုက်ခင် ဘုန်း ကနဲ မေ့လဲသွားသည်။

ကာရုစံမေ့လဲသွားမှ စဲဇုရှီလည်း လေပေါ်ကဆင်းလာပြီး ရှီဇုကဲ နဲ့အတူ ကာရုစံကို စည်းဝိုင်းအပြင်ဆီ ထုတ်လိုက်ကြသည်။

ဂိုဏ်းသားတွေလည်း စဲဇုရှီ နဲ့ ရှီဇုကဲ တို့နှစ်ယောက်မှာ ဘယ်သူကဂိုဏ်းချုပ်ဖြစ်မလဲဆိုပြီး စိတ်ဝင်တစားကြည့်နေကြသည်။

သူတို့ကြည့်နေတဲ့အချိန်မှာဘဲ စဲဇုရှီက ဘယ်သူမှ မထင်ထားတဲ့ ကိစ္စတခုကို ပြုလုပ်လိုက်သည်။

စဲဇုရှီ လုပ်လိုက်တာက ကာရုစံကို စည်းဝိုင်းအပြင်ထုတ်ပြီးတော့ သူပါ စည်းဝိုင်းအပြင်ကို ထွက်သွားတာဘဲ... ဂိုဏ်းချုပ်လည်း

"စဲဇုရှီ စည်းဝိုင်းအပြင်ထွက်တဲ့လူက အရှုံးဆိုတာ မသိဘူးလား"

"သိတယ်လေ "

"အဲ့ဆိုဘာလို့ထွက်လဲ"

"ကျနော့် baby ကို ကျနော်မနိုင်လို့လေ "

ဂိုဏ်းသားတွေကတော့

'စဲဇုရှီ က ရှီဇုကဲကိုကြောက်သည်'

ဟူ၍ စိတ်ထဲတွင်တေးမှတ်ထားလိုက်ကြသည်။

ပြိုင်ပွဲတွင် ရှီဇုကဲ ကအနိုင်ရရှိသွားတာကြောင့် ဂိုဏ်းချုပ်အသစ်ဖြစ်သွားလေသည်။

နောက်တနေ့ရောက်တော့

ဂိုဏ်းချုပ်အသစ်တင်မြှောက်ပွဲလုပ်ကြသည်။ဂိုဏ်းချုပ်ဟောင်း က အနားယူပြီး ဂိုဏ်းမှာလိုအပ်တဲ့နေရာတွေမှာ အကြံတချို့သာပေးပြီး ဝင်မပါတော့ပေ။

ရှီဇုကဲ ဂိုဏ်းချုပ်ဖြစ်လာတော့ ဂိုဏ်းသားတွေအကုန်လုံးကို အသက် ၂၅ ပြည့်ရင်လက်ထပ်ချင်ရင် လက်ထပ်လို့ရကြောင်း ကြေငြာခဲ့သည်။

သူခေါ်လာတဲ့ ကလေးဆယ်ယောက်ကလည်း အခုဆို အသားတွေပြည့်ပြည့်လေးနဲ့ အရပ်တွေလည်းရှည်လာကြသည်။နောင်တချိန်ဆို လူချောတွေဖြစ်လာပြီး ဂိုဏ်းအတွက်အရေးပါတဲ့လူတွေဖြစ်လာမှာတော့ ကျိန်းသေသည်။

system 810 (Complete)Where stories live. Discover now