6.3

3.4K 205 0
                                    

<Unicode>
"ငါ့ကို သူ့အကြောင်းစုံစမ်းပေး"

"ဘယ်တယောက်လဲ ကိုစိုး"

"ဟိုတယောက်လေ ဟင်းတွေလိုက်နှိုက်စားနေတဲ့တယောက်"

"အော် ဒါများ ကိုစိုးရယ် လင်းထက်ဆီသွားမေးလိုက်ပေါ့"

"မမေးချင်လို့ပေါ့ကွ အမြန်စုံစမ်းပေး သွားတော့ "

"ဟု"

ဥက္ကာစိုးလည်း သူ့ရဲ့လက်ထောက်လည်းဖြစ် ညီအကိုလိုခင်ရတဲ့ မျိုးကို ထွက်သွားမှ ဟင်းတွေလိုက်နှိုက်စားနေတဲ့သူ့ပေါက်စီလုံးလေးကိုပြန်ငေးနေလိုက်သည်။

'ချစ်ဖို့ကောင်းလိုက်တာ အစာစားလိုက်တိုင်းပါးလေးတွဖောင်းလာတာ ပေါက်စီလုံးလေးကျလို့'

ဥက္ကာစိုးလည်း ချစ်ရိပ်ကိုကြည့်ပြီး အသဲတယားယားဖြစ်နေသည်။ နေရောင်နဲ့တုန်းကတောင်ရင်မခုန်ခဲ့တဲ့သူက အစာစားနေတဲ့ ပေါက်စီလုံးလေးကို ကြည့်ပြီး နှလုံးသားထဲမှာ တဒုန်းဒုန်းနဲ့ စစ်ဖြစ်နေပြီ ထင်ရလောက်အောင် ခုန်နေသည်။

ဥက္ကာစိုး ပေါက်စီလုံးလေးကိုငေးနေတဲ့အချိန် သူ့ဝိုင်းကိုလူတယောက်လာထိုင်သည်။

"‌sorry အကို ကျနော်နောက်ကျသွားတယ် "

"ရပါတယ်ကွာ ထိုင် ညီလေး"

ထိုမျှသာပြောပြီး နှစ်ယောက်လုံးတိတ်ဆိတ်သွားသည်။

ချစ်ရိပ်တို့ဘက်မှာလည်း

"ဟျောင့် ချစ်ရိပ် ငြိမ်ငြိမ်ထိုင်ပြီး စားစမ်းပါ မင်းကိုကြည့်ပြီးခေါင်းနောက်လာပြီ"

"လင်းထက်ကလည်း ငါက ဗိုက်ဆာလို့ဟာကို"

"ငြိမ်ငြိမ် ထိုင်စား စားချင်တာငါ့ကိုပြောငါလိုက်ယူပေးမယ် မင်းကဒီတိုင်းထိုင်စားနေ"

"Thank you bro love you"

လင်းထက်လည်း စားပွဲသုံးပွဲလုံးက ကျန်နေသေးတဲ့ ဟင်းတွေကို စားပွဲတစ်ခုမှာဘဲ ပေါင်းထားလိုက်သည်။

ချစ်ရိပ် စားလိုက်လို့ စားပွဲ သုံးပွဲ အပြည့်ဟင်းတွေက တစ်ဝိုင်းထဲမှာတောင်သိပ်မပြည့်ချင် အငတ်တိုင်းပြည်က လာသလား ထင်ရသည်။လင်းထက်တစ်ဝိုင်းထဲပေါင်းထားလိုက်တော့မှ ချစ်ရိပ်က ငြိမ်ငြိမ်လေးထိုင်စား‌ တော့သည်။

system 810 (Complete)Donde viven las historias. Descúbrelo ahora