Real life (1)

2.7K 160 4
                                    

<Unicode>
လရိပ် နိုးလာတော့ ဆေးရုံရောက်နေသည်။သူလည်းထပြီးထိုင်လိုက်တော့ လက်မှာ ဆေးပိုက်တွေကမနည်း...

သူလည်း ထိုင်ရတာအဆင်ပြေအောင်လုပ်ပြီး ထိုင်နေလိုက်သည်။ဆရာဝန်အချို့လည်း သူ့ကိုစမ်းသပ်စစ်ဆေးဖို့ အခန်းကိုလာတော့ ကုတင်မှာထိုင်နေတဲ့ လရိပ်ကိုတွေ့လိုက်ရတော့ မျက်ရည်တောင်ဝဲသည့်အထိဝမ်းသာသွားကြသည်။ဒီလူနာသာ သတိပြန်မရလာရင် သူတို့ဘဝက မတွေးဝံ့စရာပင် .....

"လူနာ သတိရလာပြီလား ဘယ်နားနာသေးလဲ အကုန်အဆင်ပြေလား"

"ပြေပါတယ်ဗျ"

"အဲ့ဆို ခနစစ်ဆေးမယ်နော်"

"ဟု"

ဆရာဝန်ကလည်း လရိပ် ခန္ဓာကိုယ် ကိုစစ်ဆေးပြီး

"အကုန်အဆင်ပြေပါပြီ နောက်နေ့ဆို ဆေးရုံက ဆင်းချင်ဆင်းလို့ရပါပြီ"

"ဟု ကျေးဇူးပါဆရာ"

"ရပါတယ်"

"ဟို ကျနော့်ကိုလေ ဆေးရုံဘယ်သူတင်ပေးတာလဲ"

"အဲ့ဒါက ဟို လူစိတ်ရှိတဲ့ပြည်သူတစ်ယောက်ပါဘဲ ဘာမှအရေးမကြီးပါဘူး"

လရိပ်လည်းဆရာဝန်ကိုကြည့်ရတာ ချွေးတွေပြန်ပြီး ကြောက်နေသလို ဖြေလာတာကြောင့်ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"အော် ဒါဆို ကျနော်သတိမေ့နေတာ
ဘယ်နှနှစ်ရှိပြီလဲ"

"ဟမ် ၁၀ ရက်ဘဲရှိပါသေးတယ်"

လရိပ်လည်း ဆရာဝန်စကားကြောင့်အံဩသွားသည်။သူ system မှာ ဆယ်ဘဝလောက်ဖြတ်သန်းခဲ့တာကို ဒီမှာက ၁၀ရက်ဘဲ ရှိသေးသည်။

သူတွေးနေတဲ့အချိန်မှာဘဲ bodyguard ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်က ဆရာဝန်ကို

"ဆရာ အမြန်လာခဲ့ပါအုံး သခင်ရှိန် သတိရလာပြီ"

ဆရာဝန်လည်း bodyguard စကားကြားတော့ အမြန်ဘဲ ဘေးအခန်းကို လျှောက်သွားပြီး ဘယ်သူ့ကိုစစ်ဆေးနေလဲမသိ လရိပ်လည်း သူနဲ့မဆိုင်တာကြောင့် ပြန်လှဲနေလိုက်သည်။

'ကိုကိုရေ ဘယ်ဆီရောက်နေပြီလဲ baby ကိုရော သတိရနေရဲ့လား အရမ်းလွမ်းတယ် ဟင့် ကိုကို့ကိုရှာရအောင်လည်း နာမည်တောင်မသိတာ ကျနော်အရမ်းတုံးတာဘဲ ကျနော်ယုံကြည်တယ် ကိုကိုကျနော့်ကိုလာရှာမယ်ဆိုတာ စောင့်နေမယ်နော် အရမ်းချစ်တယ်ကိုကို '

system 810 (Complete)Where stories live. Discover now