7.4

3.2K 178 2
                                    

<Unicode>
ဘာလို့လဲဆိုတော့ သူ့လက်ကိုတစုံတယောက်က လှမ်းဆွဲလိုက်တာ‌ ကြောင့်ဖြစ်သည်။

ထယ်ဟွန်း မျက်ရည်တွေဝိုင်းပြီးလှည့်ထွက်သွားတော့

'host အမြန်တားလေ ဘာလို့ လက်မခံတာလဲ'

'အရမ်းမြန်လွန်းတယ်လေ ငါက အခုမှ ၁၈ ဘဲရှိသေးတာကို ကျောင်းလည်းမပြီးသေးဘူးလေ'

'ကျောင်းမပြီးလဲ ဘာဖြစ်လဲ ယူပြီးရင်လည်း ကျောင်းဆက်တက်လို့ရတယ်လေ လက်ထပ်လိုက် missionလည်းအောင်မယ် ပြီးတော့ ဇာတ်လိုက်မလက်ကနေလည်း ကာကွယ်နိုင်မှာနော် စိတ်ကူးမလွဲနဲ့'

'အေပါဟာ'

ဂျယ်ယောင်းလည်း ချစ်ရိပ်နဲ့ပြောပြီး လိပ်လို လမ်းလျှောက်နေတဲ့ ထယ်ဟွန်းရဲ့လက်ကို လှမ်းဆွဲလိုက်သည်။သူလှမ်းဆွဲလိုက်တော့ ထယ်ဟွန်းက ရပ်သွားပြီး မျက်ရည်တွေရစ်သိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုတဖြေးဖြေးလှည့်ကြည့်လာသည်။

"ဟို ကျနော် ခများကို လက်ထပ်မယ် ညနေကြရင် မိဘတွေခေါ်ပြီးလာခဲ့"

"Babyတကယ်ပြောတာလား ပျော်လိုက်တာ ကို့မိဘတွေခေါ်ပြီး လာခဲ့မယ်နော်"

ထယ်ဟွန်းလည်း ဂျယ်ယောင်း ကို ‌ဖက်လိုက်ပြီး ပြောလိုက်သည်။ သွားတိုက်ဆေးကြော်ငြာနေသလို သွားကလည်း စိကိုမစိ တော့ဘဲ ပြုံးဖြီးနေသည်။

"အင်းလာခဲ့ မျှော်နေမယ် အခုတော့အိမ်ပြန်ကြမယ် ကိုကိုလည်း မြန်မြန်ပြန်ပြီး သွားပြင်ဆင်ခဲ့ baby လည်း မြန်မြန်ပြန်ပြီး အမေတို့ကိုသွားပြောထားမယ်"

"Ok baby ...ဒါဆို ကိုကို ပြန်ပြီနော် baby လည်းပြန်တော့ ကိုကို ကားငှါးပေးလိုက်မယ်နော်"

ထယ်ဟွန်း လည်း ဂျယ်ယောင်းကို ကားငှါးပေးလိုက်ပြီးပြန်စေလိုက်သည်။သူလည်းကားငှါးကာ အိမ်ကိုအမြန်ပြန်လာလိုက်သည်။

အိမ်ရောက်တာနဲ့ ဧည့်ခန်းမှာထိုင်နေတဲ့သူ့အမေနဲ့အဖေကို

"အမေနဲ့အဖေ အဝတ်အစားမြန်မြန်လဲ baby တို့အိမ်သွားရအောင်"

"သား ဘာတွေလောနေတာလဲ ဘယ်က baby လည်း"

"ဟာအမေတို့ကလည်း အမြန်လုပ်ကြပါဆို baby ဆိုတာ ဂျယ်ယောင်းလေ ဒီနေ့ဘဲ သားနဲ့ချစ်သူဖြစ်သွားပြီ အခု သူတို့အိမ်သွားပြီး မဂ်လာရက်သွားရွေးမှာ baby ကိုလည်းပြောပြီးသားဘဲ ဟာ သွားလဲကြတော့ အမြန်လုပ်ကြနော် မကြာစေနဲ့"

system 810 (Complete)Where stories live. Discover now