3.2

3.7K 240 3
                                    

အခန်းထဲမှာတော့ အမဲရောင်အိပ်ယာခင်းထားတဲ့ကုတင်တစ်ခုမှာ လူတယောက်လှဲနေတယ် ဆံပင်တွေကလည်း ရှည်နေပြီး မုတ်ဆိတ်မွေးတွေလည်းရှည်နေသည် ပါးစပ်တောင်သိပ်မမြင်ရဘူး

ခန္ဓာကိုယ်ကလည်း ပိန်နေတာ အရိုးတွေတောင်တွေ့ရတော့မယ် တခန်းလုံးကိုလည်းအမဲရောင်နဲ့တန်ဆာဆင်ထားတာ စိတ္တဇလူရဲ့ အခန်းထဲရောက်နေသလားအောက်မေ့ရတယ်

ငြိမ်းချမ်း‌စေလည်း အခန်းထဲဝင်ပြီး ထမင်းဗန်းကိုစားပွဲပေါ်ချထားလိုက်သည် နောက်တော့ပြတင်းပေါက်တွေကိုဖွင့်လိုက်တယ်
ထိုအခါမှ အခန်းကိုရှင်းရှင်းလင်းလင်းမြင်ရတော့သည်

ကုတင်ပေါ်က လူလား သူလုပ်သမျှ လိုက်ကြည့်နေတယ်

ငြိမ်းချမ်း‌စေလည်း ကုတင်ပေါ်ကလူကိုကြည့်ပြီးစိတ်မကောင်း

ရေချိုးခန်းထဲကို ဝှီးချဲနဲ့ခေါ်သွားပြီး ဘေစင်ပေါ်တင်ထားတဲ့ဆပ်ပြာကို နှုတ်ခမ်းမွေးတွေပေါ်လိမ်းလိုက်ပြီး ဂျုတ်နဲ့ နှုတ်ခမ်းမွေးတွေအကုန်လုံးပြောင်အောင် ရိတ်ပေးလိုက်တယ် နောက်ပြီး ဆံပင်တွေကိုပါ ဘိုကေစတိုင်ညှပ်ပေးလိုက်မှ လူရုပ်ပေါ်လာတယ်

' ဒီလိုကျတော့လည်း ချောသားဟ သေချာတယ် ဒါငါ့လင်ဘဲ'
'သေချာလို့လား ဒီလောက်ပိန်ညှောင့်နေတဲ့လူက '

" အခုမှ လူရုပ်ပေါ်တော့တယ် မျက်နှာသစ်ပြီး ထမင်းစားရအောင်နော် ကျနော်က ဒီနေ့ကစပြီး ခများကို ပြုစုမဲ့ သူနာပြုပါ ငြိမ်းချမ်း‌စေလို့ခေါ်ပါတယ်"
ဟိန်းစိုးကတော့ ပါးစပ်ကလည်း ရွဲ့စောင်း ခြေတွေလက်တွေကလည်းမလုပ်နိုင်‌တာကြေင့် မျက်စိသာမှိတ်ပြလိုက်ရသည်
သဘောက သူနားလည်ပြီပေါ့

ငြိမ်းချမ်းစေလည်း အဝတအစားတွေလဲပေးပြီး ထမင်းကို စိတ်ရှည်လက်ရှည်နဲ့ကျွေးလိုက်တယ်

' ချစ်ရိပ် သူ့ကိုကြည့်ရတာ သနားပါတယ် ထမင်းမစားရတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ မသိဘူး'
' နှစ်ရက်ရှိပါပြီ အစေခံ နှစ်ယောက်ကလည်း လာကျွေးပေမဲ့ ထမင်းဖိတ်ရင်ဆက်မကျွေးတော့ဘဲ ဒီတိုင်းပစ်ထားတာ'

ငြိမ်းချမ်းစေလည်း ထမင်းကျွေးတာ တစ်ပန်းကန် ကုန်သွားလို့
"ထမင်းထည့်အုံးမလား"

system 810 (Complete)Where stories live. Discover now