8.1 ရှီဇုကဲ

3K 183 13
                                    

<Unicode>
လရိပ် ဒီကမ္ဘာရောက်တော့ အရင်ဦးဆုံး
နထင် ကို လက်ညိုးလက်မနဲ့ ကိုင်ပြီး နှိပ်လိုက်သည်။ ခေါင်းနည်းနည်းမူးနေသည် ဘာလို့လဲမသိ....

'ချစ်ရိပ်ဇာတ်ကြောင်းလွှဲပေးအုံး'

'အရှေ့လေး ဘာလေး အရင်ကြည့်ပါအုံး'

လရိပ် ရှေ့ကိုကြည့်လိုက်တော့ သူ့ရှေ့မှာ လူတယောက်က ရပ်နေပြီး သူ့လက်ကလည်း ကောင်မလေးတယောက်ကို ဆွဲထားသည်။ပြီးတော့ လရိပ် အနောက်ကိုလှည့်ကြည့်လိုက်တော့ လူတချို့လည်း လဲကျနေသည်။

ဒီလောက်ဆို လရိပ် ဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ သိလိုက်သည်။

လရိပ် ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတုန်း

(လရိပ်ကို ရှီဇုကဲ လို့ဘဲ‌ ရေးတော့မယ်နော်)

"ဘယ်တွေလိုက်ကြည့်နေတာ အသုံးမကျတဲ့လူ ရဲ့ မသေခင် ပတ်ဝန်းကျင် ကို ကောင်းကောင်းမှတ်မိအောင်ကြည့်သွားမလို့လား ဟား ဟား ဟား"

"မြေနိုးလေး စောက်ပါးစပ်ကိုခန ပိတ်ထားအုံး အာရုံနောက်တယ်"

ရှီဇုကဲ ပြောလိုက်တော့ တဲကီ အပြင် ကျန်တဲ့လူတွေအကုန်လုံးလည်း အံဩသွားကြသည်။ဘာလို့လဲ ဆိုတော့ အရင်က ရှီဇုကဲ က ပြန်ခံပြောဖို့နေနေသာသာ လူလည်းကြောက်တက်သည်။

တဲကီလည်း ခန အံဩသွားပေမဲ့

"မသေခင်လေး အရင်ဝအောင်ကြည့်လိုက်အုံးနော် "

"သေမယ် ငါလား ဆုတောင်းလေ ဆယ်ဘဝဆိုရင်တောင် မင်းက ကျွတ် ကျွတ် ငါ့ခြေဖျားကိုတောင် မထိနိုင်လောက်ဘူး ဟုတယ်မလား စောက်သုံးမကျတဲ့ တဲကီလေး မဟုရင် ဘာလို့လူတွေကို ဆေးခတ်မှာလဲ  ပေါ်တင်လည်းမချရဲဘူး နောက်ကနေ ဓါးနဲ့ထိုးတာ လူတော်တွေရဲ့လုပ်ရပ်မဟုဘူးနော်  "

"မင်းကရော ဘာစောက်သုံးကျလို့လဲ "

"ကျ မကျ သိချင်ရင် စမ်းကြည့်လိုက်လေ"

ရှီဇုကဲ ပြောလိုက်တော့ တဲကီလည်း  စုကုရှီကိုဘေးမှာ ခနချလိုက်ပြီး ဓါးကိုကိုင်ပြီး ကိုယ်ပျောက်ကာ ရှီဇုကဲ ကို တိုက်ခိုက်လာသည်။

system 810 (Complete)Where stories live. Discover now