<Unicode>
ရှီဇုကဲ လေ့ကျင့်ကွင်းထဲဝင်ပြီး လေ့ကျင့်နေလိုက်သည်။သူလေ့ကျင့်နေတဲ့အချိန်"ညီလေး ရှီဇုကဲ က သိုင်းပညာမှာ တော်သားဘဲ အကိုနဲ့ ပညာဖလှယ်ကြမလား"
"ရတာပေါ့ အကို ကာရုစံသာစိတ်ဝင်စားရင်"
"အဲ့ဆိုလည်း စကြာဆယ်ခုဆီယူပြီး ပစ်မှတ်ကို ပစ်ကြည့်ရအောင် အနီးဆုံးပစ်နိုင်တဲ့သူက အနိုင် ဘလိုလဲ"
"ရတာပေါ့ ဒါပေမဲ့ပြိုင်ပွဲဆိုတော့ ဆုကြေးလည်းရှိရမှာနော်"
"ဆုကြေးလား ဘာလိုချင်လို့လဲ"
" နိုင်တဲ့လူက ရှုံးတဲ့လူကို ကြိုက်တာခိုင်းကြေး ဘလိုလဲ "
"ရပါတယ် စကြမလား"
" Ok"
ရှီဇုကဲ နဲ့ ကာရုစံ လည်း စကာဆယ်ခုဆီယူပြီး ပစ်မှတ်နဲ့ ပေငါးဆယ် အကွာအဝေးမှာအတူတူရပ်နေကြသည်။ဂိုဏ်းသားတွေကလည်း သူတို့ပြိုင်ပွဲကိုစိတ်ဝင်တစား ကြည့်နေကြသည်။
"၃ ဆိုတာနဲ့ပစ်ကြတာပေါ့"
"ညီလေး ရေလိုက်"
"ဟု ၁...၂...၃"
ရှီဇုကဲ ၃ အထိရေပြီးတာနဲ့ နှစ်ယောက်လုံးကပစ်မှန်ဆီစကြာနဲ့ပစ်ကြတော့သည်။ပစ်မှတ်က မြှားလေ့ကျင့်တဲ့ပစ်မှတ်လို အဝိုင်းပုံကို သုံးကြသည်။အသေးဆုံးအဝိုင်းကိုပစ်နိုင်တဲ့လူက အနိုင်ရမည်ဖြစ်သည်။
ရှီဇုကဲနဲ့ ကာရုစံလည်း စကြာဆယ်ခုစလုံးပစ်ပြီးတော့ အဖွဲ့သားတွေနဲ့ ပစ်မှတ်ဆီလာကြည့်ကြသည်။အရင်ဆုံး ကာရုစံ ပစ်မှတ်ဆီလာကြည့်ကြသည်။
ရှစ်ခုက အဝိုင်းသေးမှာစိုက်နေပြီး ကျန်တဲ့နှစ်ခုက နည်းနည်းအဝိုင်းပိုကြီးတဲ့နေရာမှာ စိုက်နေသည်။
ဂိုဏ်းသားတွေလည်း ရှစ်ခုတောင် အဝိုင်းသေးမှာစိုက်တာကြောင့်ဝိုင်းပြီးချီးကျူးကြသည်။သူတို့ဆို ပေငါးဆယ်အကွာအဝေးကပစ်ရင် အဝိုင်းသေးကိုတခုမှထိမှာမဟုဘူး...
နောက်တော့ ရှီဇုကဲ ရဲ့ပစ်မှတ်ဆီပြန်လာကြည့်ကြသည်။ရှီဇုကဲ ရဲ့စကြာတွေဆယ်ခုလုံးက အဝိုင်းသေးရဲ့တနေရာမှာဘဲ စိုက်နေတာကြောင့် အကုန်လုံးက ပါးစပ်အဟောင်းသားနဲ့ ရှီဇုကဲကို ဝိုင်းကြည့်ကြသည်။
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023