<Unicode>
တပတ်ခန့်ကြာတော့အခါ ရှီဇုကဲ လည်းသူတို့ဂိုဏ်းက မြို့တွေဆီသွားမှာကြောင့် သူပါလိုက်လာခဲ့သည်။ ဇာတ်လိုက်နဲ့ သူရယ် ဂိုဏ်းသား ၆ ယောက်လောက်မြို့ကိုထွက်လာကြသည်။မြို့ဆီရောက်တော့ မြို့ထဲမှာပြည်သူတွေဆီက အတိုးတွေမတရားများပြီး ငွေတိုးချေးစားတဲ့သူဌေးအိမ်တော်တခုမှာ ပစ္စည်းယူဖို့စောင့်နေကြသည်။အိမ်တော်က သူဌေးအလုပ်သွားတော့ သူတို့လည်း ကိုယ်ပျောက်လိုက် ကိုယ်ဖော့လိုက်နဲ့ မီးခံသေတ္တာဆီရောက်သွားကြသည်။အစောင့် ၁၅ ယောက်လောက်ရှိပေမဲ့ သူတို့လို စနစ်တကျလေ့ကျင့်ထားတဲ့လူတွေအတွက်တော့ စာမဖွဲ့လောက်ပေ အကုန်လုံးကိုမသတ်ဘဲ မေ့သွားအောင်ဘဲလုပ်ထားကြသည်။
မီးခံသေတ္တာကို အရင်ဆုံးဂိုဏ်းသားတစ်ယောက်က computer နဲ့ Lock code တွေကိုဖွင့်ကြည့်သည်။ lock ကအထပ်ထပ်ခတ်ထားတာကြောင့် ဖြေရှင်းဖို့မလွယ် အဲ့ကြောင့် ကာရုစံပြန်ဖွင့်ကြည့်သည်။
Lock က ငါးထပ်ခတ်ထားသည်။ကာရုစံ က သုံးထပ်လောက်ဘဲ ဖြေရှင်းနိုင်ပြီး ကျန်တဲ့နှစ်ထပ်ကိုတော့ လုံးဝမဖွင့်နိုင်ဘဲဖြစ်နေသည်။
ကာရုစံ အခက်တွေ့နေတာကို ရှီဇုကဲ ကတွေ့ပြီး computer ကိုတောင်းပြီး ဖြေရှင်းလိုက်တာ ၂ မိနစ်အတွင်းဖြေရှင်းပြီးသွားသည်။
ကာရုစံအပြင်ကျန်တဲ့ဂိုဏ်းသားတွေလည်း ရှီဇုကဲ ကိုချီးကျူးကြပြီး မီးခံသေတ္တာထဲမှာရှိတဲ့ လက်ဝတ်ရတနာရွှေငွေတွေအကုန် ထုတ်ပိုးလိုက်ကြသည်။ ရှိတဲ့လက်ဝတ်ရတနာတွေက နည်းတာမဟု သူတို့အကုန်လုံးတောင် သိပ်မနိုင်ချင်.....
အကုန်ထုတ်ပိုးပြီးကြတော့ ကာရုစံက
"နှစ်ယောက်က မြောက်ဘက်က ဆင်းရဲသားတွေကို လိုက်ဝေပေးလိုက် နှစ်ယောက်က အရှေ့ဘက်ကိုသွားဝေလိုက် နှစ်ယောက်က အနောက်ဘက်ကိုသွားဝေလိုက် ငါနဲ့ ရှီဇုကဲ တောင်ဘက်ကိုသွားဝေလိုက်မယ် သွားကြတော့"
ကျန်တဲ့ဂိုဏ်းသားတွေလည်း ကာရုစံပြောတဲ့အတိုင်းလိုက်ဝေပေးကြသည်။ကာရုစံ နဲ့
ရှီဇုကဲ လည်း တောင်ဘက်ဆီထွက်လာပြီး ဆင်းရဲသားတွေကိုသွားဝေကြသည်။ပြည်သူတွေကလည်း ကျေးဇူးတွေတင်ပြီး သူတို့မှာရှိတဲ့စားစရာအချို့ပေးလိုက်ကြသည်။
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023